rss
Twitter Delicious Facebook Digg Stumbleupon Favorites
Thursday, December 31, 2009
နာရေးသတင်း
မျက်လုံးတွေ အလုခံလိုက်ရတဲ့ ခဏမှာ
လက်နဲ့ စမ်းမိတဲ့အရာတိုင်း
အရိုင်းအစိုင်းတွေ ဖြစ်ကုန်တယ်
ကျွန်တော့် ကိုယ်စောင့်နတ်ကလေးလေ
ညက အိပ်မက်တွေမကောင်းလို့ ဆိုပြီး
ပြောပြောဆိုဆို မီးပုံထဲ ခုန်ဆင်းသွားတယ်။
Thursday, December 24, 2009
ကော်ဖီခွက်တွေ အဆိပ်မဲ့ပါစေ ... ယောဟန်
ယောဟန်ရေ
မီးတောင်ဆိုတာ 
အဖိုးတန်ရတနာသိုက်ကြီးလို့  ငါပြောရင်
မင်းယုံလိုက်ပါ။
နိုဘယ်လ်ဆုလောက်နဲ့ 
ဘ၀ကိုရောင့်ရဲမနေဖို့  ၊
သစ်တော်သီး ဆန်ဆန်၊
အကြမ်းရည်ဆန်ဆန်၊
အိုဘားမား ဆန်ဆန် စကားပြောပါ
မင်းခွန်အားထဲမှာ
မင်းရဲ့ ကိုယ်စောင့်နတ်ကို
မင်းပြန်စောင့်ရှောက်ရလိမ့်မယ်။
ရေစုန်မှာ မျောတယ် ဆိုတာ လူညံ့တွေရဲ့ အလုပ်ပဲ
ဒီတော့   ငါတို့ က
ရေဆန်မှာ မျောရလိမ့်မယ်၊
မောတယ်ပန်းတယ် သဘောမထားနဲ့  ယောဟန်
ငါဆို့ ဟာ ဖုန်ပေနေတဲ့ တာယာဖိနပ်နဲ့ 
ကော်ဇောနီပေါ် လျှောက်ရမှာလေ၊
သူ့ အတိုင်းသူ ရှိနေပါစေ။
၂၁ ရာစုကြီးမှာ
ဘာမှ လုပ်စရာမရှိလို့ 
အသက်ကို ဖက်နဲ့ ထုပ်ထားလိုက်တယ်၊
ကမ္ဘာကြီး၊ကမ္ဘာကြီးလို့  အသံကောင်းဟစ်နေရုံနဲ့ 
ကမ္ဘာဟာ  ကြီးမလာနိုင်တာ မင်းလည်းသိသားနဲ့ ၊
ဝါးအိမ်လေးတွေ တည်ရမယ်
စပါးခင်းတွေ စိုက်ရမယ်
ကဗျာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်ထဲမှာ
ယောဟန်ရေ
မီးတောင်ဆိုတာ 
အဖိုးတန်ရတနာသိုက်ကြီးလို့  ငါပြောရင်
မင်းယုံလိုက်ပါ။
ကောင်းရာသုဂတိမလားနိုင်သေးတဲ့
ကိုယ့်နားရွက်ကို ပြန်ပြန်မြင်နေရတဲ့
ပြီးတော့
ယောဟန်ရေ
အာကာသကို အပျော်ခရီးထွက်ကြတဲ့ခေတ်မှာ
မြေပေါ်ခိုင်ခိုင်ရပ်ပြီး
လဲနေသူကိုသာ ထူပေးပါ။
မင်းလက်ထဲမှာ
ကမ္ဘာကြီးကို အေးအေးချမ်းချမ်း အိပ်စက်ပါစေလား၊
မင်းဆိုမယ့် တေးနဲ့ 
မြင်အပ်မမြင်အပ်သတ္တ၀ါ အားလုံး
ကခုန်မြူထူးကြပါစေလား၊
မင်းဟာ ကဗျာဆရာဖြစ်တယ်၊
ကမ္ဘာကြီးရဲ့  လုပ်ခစားကဗျာဆရာ ဖြစ်တယ် ယောဟန်။
ရေခဲမြစ်တွေနဲ့  အပြိုင်
မင်းအရည်မပျော်ရဘူး၊
တောင်ကတုံးတွေနဲ့ အပြိုင်
မင်းရဲ့  ၀တ်ရုံကို လွှင့်မပစ်ရဘူး၊
ဝေလငါးကြီးတွေ မိုးပေါ်ပျံတာကို
မင်းမြင်အောင် ကြည့်ပါလေ
တိမ်နဲ့ မြူခိုး တောင်ကို မမိုးနိုင်တော့တဲ့ မာရ်နတ်သာသနာမှာ
ကလေးငယ်တို့ ရဲ့ စာရိတ္တကို
ငါတို့ တွေ တန်ဖိုးကြီးပေးပြီး ၀ယ်ရမယ်။
ယောဟန်ရေ
မီးတောင်ဆိုတာ 
အဖိုးတန်ရတနာသိုက်ကြီးလို့  ငါပြောရင်
မင်းယုံလိုက်ပါ။
Sunday, December 20, 2009
နတ်ဆိုးနမ်းသွားတဲ့ ပန်း
ဘာကြောင့်များလဲ . . .
ကမ္ဘာတစ်ခြမ်းလုံးပွင့်နေကြတဲ့ပန်းတွေထဲမှာ
သူတို့ကိုမှ ပိုးရွေးကိုက်သွားရတာ၊
ဘာကြောင့်များလဲ. .
သူတို့မှာလည်း တောင်တန်းတွေ
တစ်မျှော်တစ်ခေါ်ရှည်လျားခဲ့မှာပဲ
သူတို့မှာလည်း နောက်တစ်နေ့တွေကို
ရောင်စုံခြယ်ဖူးကြမှာပဲ
သူတို့က မြှားတွေကိုယ်စီချွန်လို့
သူတို့က ဓားတွေကိုယ်စီသွေးလို့
ဘာကြောင့်များ
သူတို့က စစ်ပွဲမှာ လိုက်ပါခွင့်မရခဲ့တာလဲ၊
ဟုတ်တယ် ...
သူတို့ မှာ လကမ္ဘာကိုလည်ပတ်ချင်စိတ်ရှိမယ်
ပန်းနဲ့ သီတဲ့ ဒိုင်ယာရီတွေ ရေးချင်လိမ့်မယ် ...
ညခင်းတိုင်းမှာ
လသာချင်ရှာလိမ့်မယ်၊
ကံကြမ္မာဆိုတာကြီးရယ် ...
အဖန်တစ်ရာထေအောင်ပဲ ကြင်နာလိုက်စမ်းပါ
မနက်ဖြန်တွေ သူ့ အတိုင်းသူ ရှိနေစေဖို့ လေ။ .
အနာဂတ်ဆိုတဲ့ ယာဉ်ကြီးကို သူတို့ စီး
နယူတန်လိုပဲ ပန်းသီးတွေကို သူတို့ ကောက်ကြ
ကမ္ဘာကြီးကို သူတို့ လက်ချောင်းလှလှ လေးတွေနဲ့  ပုံသွင်းကြ ...
သူတို့  အတွက်ရနိုင်သမျှ ပေးဆပ်ခြင်းတွေနဲ့ 
သူတို့  ဦးခေါင်း တွေ မြင့်မြတ်နိုင်ကြစေ၊
ယူသလောက်မရရင်တောင်မှ
ရသလောက်တော့ယူနိုင်ကြပါစေ၊
ဒါဟာ . . . နောင်လာမယ့်သမိုင်းကြောင်းအတွက်
သူတို့ရေးမယ့်စာမျက်နှာပဲ ။
မှတ်ချက်။  ။ဒီကဗျာလေးကိုအစ်ကိုကဗျာဆရာရိုးရနဲ့             ပူးပေါင်းပြီး ၂၀.၁၂.၂၀၀၉၊စိမ်းလန်းစိုပြေမှာကျင်းပခဲ့တဲ့HIVမိဘမဲ့ကလေးငယ်များ  ရံပုံငွေကဗျာရွတ်ပွဲအတွက်ရည်ရွယ်ရေးသားခဲ့တာဖြစ်ပါတယ်။
Wednesday, December 16, 2009
အနာတခြားဆေးတခြားည
ငါကပဲ ရူးနေသလား
မင်းကပဲ ထူးနေသလား။
ညတွေဟာ အသံမဲ့လွန်းလှတယ်
ရေသန့် ဘူးခွံနဲ့  မြို့ ပြမီးအိမ်ထဲ
နေရောင်ခြည်နဲ့ လည်း
မတွေ့ ဆုံချင်တော့ဘူး။
အမှောင်ဓာတ်အားပြည့်
ငါ့ခေါင်းအုံးလေးပ်ါမှာတော့
သီချင်းအိုအိုတွေ တက်အိပ်နေရဲ့ ။
ဖိတ်စင်မှု တဒင်္ဂနဲ့ 
သရဲခြောက်ရာ နိုဝင်ဘာလ
ငါ့အတွက်တော့
ပျင်းဖို့ ကိုတောင် ကစဥ့်ကလျားဖြစ်လို့ ၊
အသက်ကိုပဲ ၀အောင်ရှူတော့မယ်။
ငါ့ဘာ့ကြောင့် ဆံပင်ရှည်ထားသလဲ
မိုးတိမ်တွေသိတယ်
မိန်းကလေးရေ ...
စိန်ပန်းတွေပွင့်ရင်
ဟိုးတုန်းကလို မပျော်ဘူးကွယ်။ ။
Sunday, December 13, 2009
မိတည်ကြည်အတွက်ကဗျာ-၂
(က)
ရွာချလိုက်စမ်းပါ မိတည်ကြည်
ဟောဒီကောင့်ရဲ့ ကန္တရရင်ဘတ်မှာ
ပြန်ကျမိုး တွေ
တကယ် လိုအပ်လွန်းနေတာပါ
မင်းရဲ့ခြေလှမ်းတိုင်းမှာငါ့အမည်နာမ
တစ်ခုတစ်လေမှပါဝင်ဖွဲ့စည်းခွင့်မရှိဘူးဆိုတာလည်းသိရဲ့
ငါ့ဒိုင်ယာရီလေးက ဒဏ္ဍာရီဖြစ်ရတော့မယ်ထင်တယ် ။
(ခ)
ကြယ်မှုန်ကြယ်မွှားတွေကိုမှ
အာလူးကြော်တစ်ပွဲနဲ့ မှားယွင်းတတ်တဲ့ နင်
အပျင်းပြေလမ်းလျှောက်ထွက်တိုင်း
ငါ့အမည်နာမ အပျင်းပြေလေးတောင် နင်မပြောတတ်ဘူး
ငါသိတာပေါ့.ပါဝင်ဖွဲ့စည်းခွင့်မရခဲ့ဘူးဆိုတာ
ငါသိနေခဲ့တာပါ
မိတည်ကြည်ရေ
ငါ့ကိုယ်ငါ ဓါးထောက်ပြီး ကျော်ပစ်လိုက်တယ်
ဒီကဗျာပြီးတာနဲ့ကဗျာဆရာလဲ သေရမယ်တဲ့
ငါ ပြီးအောင် မရေးပါရစေနဲ့လား ။
(ဂ)
နှစ်တွေလည်းကျန်ခဲ့ပြီ
ဟိုးရှေးရှေးတုန်ကညနေခင်းတွေက
ဟိုးရှေးရှေးတုန်းကလိုမျိုးကျကျန်ရစ်ခဲ့ပြီ
အခုချိန်ဆို နင့်အိမ်ရှေ့လမ်းပေါ်မှာ
ပန်းမဟုတ်တဲ့ပန်းများပွင့်နေလောက်ရောပေါ့
စိုစွတ်ခွင့်မရခဲ့တဲ့ ငါက
ဆောင်းအတုတစ်ခုဖန်တီးရင်း
နင်အပျင်းပြေခေါ်မယ့် ငါ့နာမည်လေးကို
ယောင်ယောင်ပြီးခေါင်းထောင်ထထ ကြည့်နေတုန်း
မိတည်ကြည်ရယ်
ငါလည်း ဟိုးရှေးရှေးတုန်းကလို
လွမ်းမောနေမိတုန်း ။
(ဃ)
နင်သိမှာမဟုတ်ဘူး မိတည်ကြည်
တစ်ခါတစ်လေ ငါ အသက်ရှုဖို့တောင်မေ့တယ့်
မရှိခဲ့အတိတ်တွေအကြောင်းကို
ပြန်လည်တွေးတောမိရင်း
နင့်အကြောင်းကဗျာတစ်ပုဒ် ပြီးအောင်ဆက်ရေးကြည့်ချင်တယ်
ကဗျာပြီးရင် ကဗျာဆရာသေရမယ်ဆိုတာလည်း ငါသိပါရဲ့
ငါ ဆက်မရေးရပါစေနဲ့လား ငါဆက်ရေးရမှာလား
အရာရာတိုင်းပြောင်းလဲတတ်တာမှန်တယ်
ငါ့ချစ်ခြင်းတွေက
ဖြစ်ပြီးပျက်တဲ့အထဲမှာမပါဘူး ။
(င)
မိတည်ကြည်...
မိ တည် ကြည်
မိ..........တည်..........ကြည်...
မိတ ည်ကြ ည်
မိ  တ   ည်ြ       က    ည်
အကျယ်ကြီးနဲ့ တိုးတိုးလေးအော်ခေါ်နေတာပါ
နင်ကြားနိုင်လောက်ပါရဲ့ ထင်တယ် ။
(စ)
ပြောရင်လည်း ကြီကြီးကျယ်ကျယ်ပါပဲ
ငါဆိုတဲ့ငနဲက နင့်ရင်ခွင်ကလွဲပြီး
ဘယ်နေရာမှ မခင်တွယ်တတ်တဲ့ကောင်
မတွေးပါနဲ့လို့ ပြောလည်း
ဘယ်လိုမှ ထိန်းမရနိုင်ခဲ့ဘူး
ဒီလိုပါပဲကွာ
မကြည်ဖြူတဲ့နှုတ်ခမ်းအတွက်
ငါ့အဆိပ်တွေတက်နေတာပါ
မိတည်ကြည်ရေ
ငါဟာစိတ်ဝေဒနာရှင်တစ်ယောက်များဖြစ်နေပြီလား ။
(ဆ)
မမြင်ဖူးလို့မော့ကြည့်နေတာလား
ထန်းပင်ဆိုတာ....
ဆိုင်ကယ်လိုဓါတ်ဆီထည့်ပြီးစီးလို့မရ
ဆံနွယ်ရှည်ညိုညိုတွေလည်းမရှိ
ဂျင်းဘောင်းဘီချုပ်ဝတ်လုပ်လည်းမဖြစ်ပြန်လေတော့
မိတည်ကြည် နဲ့
တူနိုင်မယ် မထင်ပါဘူးကွယ်
ညနေခင်းကတော့ ငါ့ကိုလည့်မကြည့်ပဲ
နင့်ဆီ အခစားဝင်လာပြီ
မင်းရင်ခွင်နဲ့အုပ်ပြီးရင့်မှည့်စေပါတော့ ။
(ဇ)
မိတည်ကြည်
နင့်ဆီက
နွေလွတ် မိုးလွတ်
အိပ်မက်တစ်စုံလောက်..ငါ့ကို
ခဏလောက် ဌားရမ်းလို့ရမလား
ငါဆိုတဲ့ကောင်က ရက်ဇာနေ့တိုင်း
ပြဿဒါးအိပ်မက်တွေ
ထထမက်တတ်လွန်းတော့
ငါ့ကိုယ်ငါ အိပ်မက်ပြန်ပေးကြည့်ရင်း
ရက်လွန်ပြက္ခဒိန်ထဲက ရာဇ၀င်နောက်ကြောင်းတွေနဲ့
ပါဝင်ခွင့်မရတဲ့ ငါ့အမည်နာမအကြောင်းနှီးနှောတိုင်ပင်ကြည့်မလို့ ။
(စ်)
ကဲပါ
နင့္အရပ္ရွစ္မ်က္နွာမွာရွိတဲ့
မကျန်ခဲ့တဲ့ ငါ့အတိတ်တွေအကြောင်း
နင့်စိတ်ကိုခပ်တင်းတင်းလေးထားပြီးဆွဲဖွင့်ကြည့်လိုက်
တံပိုးခရာသံ အဆုံးမှာနင်ပစ်ခွင်းတဲ့မြှားဟာ
ငါ့နောက်ကျောမှာစိုက်ရင်းတန်းလန်းနဲ့ တဆတ်ဆတ်တုန်ခါရင်း
မိတည်ကြည်ရေ.....
ဘာကိုအရောင်ပြပြီး
ဘာကို ပစ်ခွင်းခဲ့တာပါလိမ့်  ။
(ည)
ငါ့ကိုလည်းမယုံကြည်ပါနဲ့
နင့်ကိုနင်လည်းမယုံကြည်ပါနဲ့
ဒီကဗျာပြီးဆုံးရင်ကျဆုံးရမယ်ဆိုသိသိကြီးနဲ့ပဲ
အဆုံးထိတိုင်အောင်ငါရေးဖြစ်မိခဲ့တယ်
နင်ဖတ်ဖြစ်ရင်လည်း အဆုံးထိဆက်ဖတ်ပါ
မနေ့ညက ကျကွဲသွားတဲ့ ကြွေရည်သုတ် လမင်းကို
နောက်ကမ္ဘာ တစ်ဖက်မှာ ပြန်တပ်ဆင်ကြည့်လိုက်ပါ
နင်လမ်းလျှောက်ထွက်တဲ့ ညနေခင်းတိုင်း
အမှုန်အမွှား ကင်းစင်ပါစေ မိတည်ကြည် ။
အမည်မဲ့ ( သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)
Saturday, December 12, 2009
ကျွန်တော်မသိဘဲ မိုးတွေရွာသွားတယ် မကြည်ဖြူ
ကျွန်တော်မသိဘဲ
မိုးတွေရွာသွားတယ် မကြည်ဖြူ။
အဲဒီ့နေ့ က သက်တန့် ညိုညိုကြီးဟာ
အစိမ်းရောင် တိမ်တွေအောက်မှာ
အတင်းအဓမ္မ မြှုပ်နှံခြင်းခံလိုက်ရသလို
တနင်္ဂနွေဟာ အလိုလို
ေ၀၀ါးခြောက်သွေ့ နေခဲ့တယ်
ကျွန်တော် တကယ်မသိခဲ့ပါဘူး
မကြည်ဖြူရယ်
မနက်ဖြန်များကို အလွယ်တကူ
ဖွင့်လှစ်ရမယ်ထင်ခဲ့မိလို့ 
ကိုယ့်ကိုယ်ကို စိုက်ပျိုးခဲ့တာပါ
မိုးရွာတယ် မကြည်ဖြူ
မိုးတွေဟာ ကျွန်တော်မသိအောင်
အပြာရင့်ရင့် ရွာနေတယ်။
မကြည်ဖြူရေ
မကြည်ဖြူရဲ့  ဆံပင်တွေကို
လွမ်းဆွတ်မိတဲ့ နံနက်တွေဟာ
ခမ်းနားထည်ဝါစွာ
ဆို့ နင့်ဆွံ့ အနေတဲ့
အကာလ ညအခါများသာဖြစ်တော့တယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ 
မကြည်ဖြူမွေးနေ့  မှာ တတိယအကြိမ်မြောက်ထပ်ပြောမယ်
ကျွန်တော်ဟာ
စကားမပြောတတ်တဲ့ ပုသိမ်မြို့ ကြီးဖြစ်တယ်
လရောင်ဖြူဖြူတွေလို
အရှက်ကြီးတဲ့ သနပ်ခါးပန်းတစ်ပွင့်ဖြစ်တယ်
လူမနေသော ထန်းတောအိုတစ်ခုလည်းဖြစ်သလို
တံလျပ်တွေ ဟုန်းဟုန်းတောက်ပြီး
နှင်းတွေ ကဆုန်ပေါက်ထွက်ခွါသွားတဲ့
ရာသီဥတုအပျက် တစ်လုံးလည်းဖြစ်ပြန်တယ်။
မကြည်ဖြူရေ
.........................
မကြည်ဖြူရေ
..........................
ကြားသော်လည်း မမြင်နိုင်စေ
မြင်သော်လည်း မသိနိုင်စေ....
မကြည်ဖြူရေ.......
ကျွန်တော့် အီကွေတာကဗျာထဲက
ဇာတိပြ တိမ်တိုက်တွေကို
တစ်ဖက်သတ်စည်းရုံးပြီး
ကျွန်တော်မသိအောင် မိုးရွာဦးမှာလားဟင်။
မမှားခဲ့ဘူး
ဘယ်သူမှ မမှားခဲ့ပါဘူး မကြည်ဖြူရယ်
အရင် နေ့ တွေကလို
ကမ္ဘာကြီးရဲ့  ဝေဒနာကိုကုစားဖို့ 
ကျွန်တော် အလွမ်းတွေပဲ
သောက်သုံးနေရဦးမယ်။
စာရေးစာဖတ်မကျေဘဲ
"ဘ၀" ကိုပေါင်းခဲ့တဲ့ကောင်မို့ 
မိုးရွာရင်တောင်
မီး အလိုလိုလောင်တယ် ။
မကြည်ဖြူရေ
ဘာမှအရေးမပါတဲ့ တီထွင်မှုများထိန်ငြီးရာ
ယမန်နေ့ ညများစွာကို
ဖြတ်ကျော်ခဲ့စဉ်က
ကျွန်တော့်ဆီမှာ သူရဲကောင်းပန်းပုဆရာလက်မျိုး မရှိခဲ့လို့ ပါ
အဲဒီအတွက်
မနက်ဖြန် ညအခါတွေကို
ငြှိမ်းပစ်ဖို့  အမိန့် ပေးတော့မလား
မကြည်ဖြူရယ်
မိုးတွေရွာခဲ့မှန်း
ကျွန်တော် တကယ်မသိခဲ့တာပါ။
မကြည်ဖြူ
ကျွန်တော်တို့  ဝေးကြရပြီနော်
ကိုယ်တိုင် ပျိုးယူခဲ့တဲ့
ဖြစ်တည်မှုစွမ်းအင်တွေရဲ့ 
လွန်လေပြီးသော နေရာမှာ
တရံရော အခါကလိုပဲ
ကျွန်တော် မိုးကိုမျှော်နေသေးတယ်
..........................................
တရံရော အခါကလိုပါပဲ
ဒီတစ်ညလည်း
အိပ်မက်ထဲမှာ
ကျွန်တော်မသိအောင်
မကြည်ဖြူနဲ့  မိုးတွေ ရွာလိမ့်ဦးမယ်။
မကြည်ဖြူရေ
ကျွန်တော့်လိုလူကိုမှ
အိပ်မက်တွေက သစ္စာဖေါက်ကြပြီလေ
..................................
........................................။
အခုလည်း
ကျွန်တော်မသိဘဲ
မိုးတွေ ရွာသွားတယ်
မကြည်ဖြူ.....................။
ရွှေမင်းသမီး
မင်းအိမ်နံပါတ်လေးကို တံခါးခေါက်ဖို့ 
ငါ့အရပ်က ခြောက်ပေမကျော်ဘူး
ချစ်ရတာ အိပ်မက်ထဲမှာတောင်ချွေးတစိုစိုနဲ့ 
လမ်းမီးတိုင်တွေလည်း    ငိုပြီ။
ထိုနေ့ က ...
ထိုနေ့ က နေလုံးကြီးသည် အရှေ့ အရပ်မှပင် ထွက်ခဲ့ဧ။်။ ထိုနေ့ က အင်းလျားကန်ဘောင်တွင် စုံတွဲအချို့ သာရှိပေလိမ့်မည်။ ထိုနေ့ က ကျွန်တော်တို့ စာသင်ခန်းထဲတွင် ရှင်မဟာရဌသာရနှင့် နယူတန်တို့ သည် ဆန့်  ကျင်ဘက်နိယာမအား ကွန်ပျူတာဆော့ဖ်ဝဲ အဖြစ်တီထွင်ရန် ငြင်းခုံနေခဲ့ကြသည်။
ထိုနေ့ က ကျွန်တော်ရေမချိုးဖြစ်ခဲ့။ ထိုနေ့ က ပိုက်ဆံတစ်သောင်းတိတိကို သူငယ်ချင်းမျိုးမင်းထိုက်အား နှမြောတသစွာ ချေးပေးခဲ့ရဧ။်။ ထိုနေ့ က မန်ယူနှင့် စပါးတို့ ဂိုးမရှိသရေကျပါသည်။ ထိုနေ့ သည် မယ်ကမ္ဘာပြိုင်ပွဲ စတင်ကျင်းပသော နေ့ လည်း ဖြစ်ပါသည်။
ထို နေ့ တွင်ပင် ရှင်ပြန်ထမြောက်ခြင်းဂီတကို ပထမဆုံးအကြိမ် ကျွန်တော်ဖမ်းဆုပ်နိုင်ခဲ့ပါသည်။
ထိုနေ့ တွင် `သူမ´ ကိုကျွန်တော် စတင်တွေ့ ခဲ့ပါသည်။နှလုံးသားတစ်ရပ်စာ မျှော်စင်တစ်ခုအောက်တွင် ကမ္ဘာဦးဧ။် ပန်းနုရောင်မီးတောက်ကို ကျွန်တော်ပျိုးခဲ့မိဧ။်။ ပူအိုက်ထက်မြမှန်း ကျွန်တော်မသိခဲ့ပါ။
ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ကိုယ်ပိုင်အတွေးအခေါ်များဖြင့် ယဉ်ယဉ်လေးရူးနေကြသူများဖြစ်သည်။အမေရိကန်သမ္မတ အိုဘားမား သည်အရူးဖြစ်သည်။ကျောင်းကားပေါ်တွင်ငိုက်မြည်းလေ့ရှိသော ခိုင်ငြိမ်းသည် အရူးငိုက်ဖြစ်သည်။ဟယ်လင်ကိုချစ်ခဲ့မိသည် ထရိုဂျန်မင်းသား ပဲရစ်စ် သည် လည်း အရူးဖြစ်သည်။ကွန်ပျူတာ သုံးရာတွင် လက်ကွက်အလွတ်မရသော စာရေးဆရာဝေမှူးသွင်သည်လည်း အရူးပင်ဖြစ်သည်။
ကျွန်တော်ဧ။်သူမသည်လည်း အရူးမလေးဖြစ်ပါဧ။်။ထိုအရူးမလေးကို ချစ်ခဲ့မိသည် ကျွန်တော်သည်လည်း အရူးပင်ဖြစ်သည်။ကျွန်တော်ကမူ ခမ်းနားစွာ ရူးသွပ်ခြင်းဟု အမည်ပေးထားပါသည်။
မော်နီကာလူဝင်စကီးကိုချစ်ခဲ့မိသဖြင့် ဘီလ်ကလင်တန်သည် သမ္မတ ရာထူးကိုစွန့့်လွှတ်ခဲ့ရသည်။ကလီယိုပက်ထရာ ကိုချစ်မိသဖြင့်ဆီဇာ သည် အသက်ကိုပင်ပေးခဲ့ရသည်။ကျွန်တော်သည်လည်း သူမကိုချစ်မိခဲ့သဖြင့် အတန်းလစ်ပြီး ဘောလုံးမကန်တော့ပါ။ ရူပဗေဒအိမ်စာများကိုကျောင်းတွင် အပြီးတွက်ခဲ့သည်။ကွန်ပျူတာဂိမ်းကိုလည်း ညဉ့် နက်အောင်မကစားတော့ပါ။
ထို့ ကြောင့် သူမကိုကျွန်တော်ချစ်ပါသည်။
လောကတွင် လူသားတိုင်းလွတ်လပ်ခွင့်ကိုယ်စီရှိကြဧ။်။ဗေလုဝသည် သူ့ ကိုယ်သူ ဆွဲဆောင်မှုအရှိဆုံးယောက်ျားဟု ပြောပိုင်ခွင့်ရှိသည်။ဘုရားဂေါပကလူကြီးများသည်လည်း ဆန္ဒရှိပါက အတွဲချောင်းပိုင်ခွင့်ရှိပါသည်။
ထို့ အတူ ကျွန်တော်သည်လည်း ဆည်းဆာရောင်အိပ်မက်များဖြင့် သူမကို ချစ်မြတ်နိုးပိုင်ခွင့်ရှိပါသည်။
သို့ သော် ချစ်ခြင်းမေတ္တာဧ။် နောက်ဆက်တွဲ ရောင်ပြန်ဟပ်မှုများကို ကျွန်တော် ကြိုတင် မသိနိုင်ခဲ့ပါ။ ကျွန်တော်သည် မနော်ဟရီကဲ့သို့  အရာအားလုံးကိုသိသူဟု ကိုယ့်ကိုယ်ကိုယ် မထင်ပါ။
လမ်းလျှောက်လျှင် အလွန်ကြာတတ်သော ကျွန်တော်တို့ ကျောင်းမှ ရေကြောင်းဗိသုကာဌာနမှူးသည် စာအသင်အပြအလွန်ကောင်းဧ။်။ ကျွန်တော်တို့ ဘေးအိမ်က အန်တီကြီးသည် သူတပါးအတင်းပြောရာတွင် အင်မတန်ထူးချွန်ဧ။်။
သို့ သော် ကျွန်တော်သည် သူမနှင့်ပက်သက်လာလျှင် အရာအားလုံးတွင် အောက်ဆုံးအဆင့်သာ ရှိခဲ့ပါသည်။တိတ်တခိုးချစ်မသည်မှလွဲ ပြီး သူမ သိအောင်ကျွန်တော်မကြိုးစားခဲ့ပါ။
တခါတရံ သိုသိပ်ခြင်းသည်ပင် အချစ်ဖြစ်ဧ။်။
သူမသည် အပူအပင်ကင်းသော ကလေးငယ်တစ်ယောက်နှင့်အလွန်တူပါသည်။ သူမသည် တခါတရံကန်တင်းန် တွင်ထိုင်ကာ အစားကိုပလုပ်ပလောင်းစားနေတတ်သည်။အတန်းချိန်မမှီသောအခန်းအတွင်းသို့  နားဆွဲလေးများလှုပ်ရမ်းလာသည်အထိ ပြေးဝင်လာလေ့ရှိသည်။တခါတရံ သွားတက်လေးများပေါ်အောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးတတ်သေးဧ။်။
သို့ သော်တခါတရံတွင်မူ သူမသည် အင်မတန်ရင့်ကျက်တည်ကြည်သောအမျိုးသမီးငယ်လေး အသွင်ရှိဧ။်။ သူမဧ။် သူငယ်ချင်းများကြားတွင် `ဒါက ဒီလိုရှိတယ်ဟ´ ဟုဆိုတာ စီကာပတ်ကုံး ရှင်းပြတတ်သေးသည်။
တခါတရံ သူမဧ။် နှုတ်ခမ်းဖူးဖူး လေးများကိုကိုက်ကာ တစ်စုံတရာကို လေးလေးနက်နက် စဉ်းစားနေတတ်သေးဧ။်။
သူမသည် ရေခဲမုန့် အလွန်ကြိုက်ဧ။်။ ဟယ်ရီပေါ်တာ စာအုပ်များအား ညလုံးပေါက်ဖတ်ဖူးကြောင်း ကျွန်တော့်ကို ပြောပြဖူးဧ။်။ဟောလိဝုဒ်မင်းသား ဘင်အက်ဖ်လက်ခ် အား အိုစမာဘင်လာဒင်ကဲ့ မုတ်ဆိတ်မွှေးအရှည်ထားသင့်ကြောင်း ဝေဖန်ဖူးဧ။်။ဒေါက်တာ သန်းထွန်းအား ဘယ်ဆေးခန်းမှာထိုင်သလဲ ဟု ကျွန်တော့်အား မေးဖူးဧ။်။
သူမသည် တခါတရံ ထိုကဲ့သို့  အူကြောင်ကြောင် နိုင်လှသည်။ထို့ ကြောင့်လည်း ကျွန်တော့်ဘ၀ဧ။်အဖြူရောင် နတ်သမီးလေးဖြစ်နေခြင်းပင်။
သူမဧ။် ပါးမို့ မို့ လေးသည် ကျွန်တော့်အတွေးတို့ အား အငွေ့ ပျံစေဧ။်။သူမဧ။် မျက်စောင်းလှလှလေးများသည် ကျွန်တော် ရှာဖွေနေသော ဘ၀ဧ။်လျှို့ ဝှက်ချက်များဖြစ်သည်။ စိတ်ဆိုးနေလျှင် ကျွန်တော့်နာမည်အား အပြည့်အစုံခေါ်တတ်သော သူမဧ။် အသံစူးစူးလေးသည် ကျွန်တော်တစ်ဦးတည်းဆင်နွှဲသော တတိယကမ္ဘာစစ်ဧ။် ကြွေးကြော်သံဖြစ်သည်။
ကျွန်တော် ထုဆစ်ခဲ့သော သက်ရှိဗီးနပ်စ် ရုပ်ထုလေးသည် သူမဖြစ်သည်။တေလေလေး တစ်ယောက်ဧ။် မျက်ဝန်းများထဲတွင် ပွင့်ဝေသော ဆယ့်နှရာသီပန်းလေး သည် သူမဖြစ်ဧ။်။တံစဉ် မကိုင်တတ်သော လယ်သမားလူငယ်ဧ။် ဧကရီမဖုရားသည်လည်း သူမပင်ဖြစ်သည်။
********************************************************
ကျွန်တော်သည် ဖြစ်နိုင်လျှင် ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ် အား ရတနာပုံအသင်းတွင် အငှားလာရောက်ကစားစေလိုပါသည်။ရုပ်ရှင်မင်းသား လူမင်းအား အခြောက်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ကာ ရှောက်သီးဆေးပြားရောင်းသည့် ဇာတ်ကားရိုက်စေချင်ပါသည်။ကျွန်တော်လေးစားအားကျရ သော ဆရာမောင်ချောနွယ်အား နှစ်တစ်ရာကျော်အထိ အသက်ရှည်စေလိုပါသည်။
သို့ သော် ဆန္ဒ သည် ဆန္ဒ မျှသာဖြစ်သည်။
ဖြစ်နိုင်မည်ဆိုလျှင် ကျွန်တော်သည် သူမဧ။် ဘ၀လက်တွဲဖေါ်အဖြစ် သူမဧ။်လိုအင်များကိုဖြည့်ဆည်းပေးချင်ပါသည်။ကျွန်တော့်ရင်ခွင်ထဲ တွင် သူမအား အပူအပင်ကင်းစွာ မှေးစက်စေလိုပါသည်။ဘယ်ဘက်မျက်လုံးပေါ်တွင် ၀ဲကျနေသော သူမဧ။်ဆံနွယ်ပျော့ လေးများကို တပ်မက်စွာ နမ်းရှိုက်ချင်ပါသည်။
ကျွန်တော့်ဆန္ဒသည် စိုးမြတ်မင်းဦးဆောင်သော မြန်မာဘောလုံးအသင်း ကမ္ဘာ့ ဖလားရသလိုပင် ဖြစ်နေပေလိမ့်မည်။
မည်သို့ ဆိုစေ ဆန္ဒနှင့်ထပ်တူမကျသော ဘ၀ကို ကျွန်တော် ရောင့်ရဲနိုင်ခဲ့ပါသည်။
**************************************************************************
ရုပ်ရှင်မင်းသမီး အူဝဲသည် ငယ်ဘ၀က အချစ်ဦးရှိခဲ့ပါလိမ့်မည်။လင်ကွန်းသည် အိမ်သာတက်ရင်းတစ်စုံတစ်ယောက် အကြောင်းကို စဉ်းစားဖူးပေလိမ့်မည်။ဘ၀ဟူသည် မမေ့နိုင်စရာ တို့ ဖြင့်တည်ဆောက်ထားသော မိုးပျံအိမ်ကြီးတစ်လုံးပင်ဖြစ်သည်။
ကျွန်တော်သည်လည်း သူမနှင့်အတူ ကုံးထက်တွင် ရေခဲမုန့် စားခဲ့ဖူးပါသည်။ညဘက်စာမကျက်ဘဲ သူမနှင့်ဖုန်းခိုးပြောဖူးပါသည်။ထီးတစ်ချောင်းကို အတူဆောင်းကာ စံပြမှမြို့ ထဲ သို့ လမ်းလျှောက်သွားဖူးပါသည်။သူမအခွံခွါပေးသော နေကြာစေ့လေးများကိုလည်း အားမနာတမ်းစားဖူးပါသည်။
သူမဆီမှ ပိုက်ဆံခြောက်ထောင် တိတိကိုလည်း ကျွန်တော် ချေးခဲ့ဖူးပါသည်။
ကျွန်တော်သည် သူမနှင့်အတူရှိနေသောအချိန်များကို ဘ၀ဧ။် အလေးမြတ်ဆုံးကာလအဖြစ် ခံယူထားသည်။သူမနှင့်နီးနီးနေရသော အချိန်များသည် ကျွန်တော့်သုခအပေါင်းဧ။် သရဖူပင်ဖြစ်၏။
သူမကိုကျွန်တော် ချစ်သည်။ထို့ ကြောင့်သူမကို ကျွန်တော်မချစ်ပါ။
*********************************************************************
လူသားတိုင်း လိုရာဆုတစ်ခုကို တောင်းပိုင်ခွင့်ရှိမည်ဆိုလျှင် ကျွန်တော်သည် အချိန်ကာလကို နောက်ပြန်လှည့်နိုင်သော တန်ခိုးရှင်သာ ဖြစ်လိုပါသည်။ထိုသို့ ဖြစ်လျှင် ကနေဒီအား လုပ်ကြံမှုမှ ကာကွယ်ပေးချင်ပါသည်။ပြုတ်ကျလာသော ပန်းသီးအား ကောက်မစားဘဲ စဉ်းစားတွေးခေါ်နေသော အိုင်ဆက်နယူတန်အား အရူးဟု သွားရောက်ပြောချင်ပါသည်။အညာသားယဉ်ကျေးမှုဟူသည် အဘယ်နည်းဟု အညာသားတို့ အား မေးချင်ပါသည်။
သူမအား ကျွန်တော်ချစ်နေမိကြောင်း သူမ သိအောင် ကျွန်တော်ပြောချင်ပါသည်။
စကားလုံးတို့ ကို အစီအစဉ်တကျ စီစဉ်ထားသော လူရိုင်းတစ်ယောက်ဧ။် သိခြင်းတရား စစ်စစ်မျှသာ ဖြစ်သည်။
သို့ သော် သူမသည် ကျွန်တော်ဧ။် တိုတောင်းသော အချိန်ကာလလေးတစ်ခု ဖြစ်နေခဲ့ပါသည်။
အချိန်ကာလ ကို ကျွန်တော်မုန်းတတ်ခဲ့ပါပြီ။
အိပ်မက်များကို ရွံမုန်းသည်။
မျှော်လင့်ချက်ကို စက်ဆုပ်သည်။
ဘ၀ဧ။် ရုတ်တရက်ပြောင်းလဲမှုများကို လက်ခံတတ်ရန် အကောင်မြင်စိတ်ထားလေး ထည့်ပေးလိုက်ဖို့  ကျွန်တော့်အား မွေးဖွါး စဉ်က အမေမေ့ သွားပုံရသည်။
လူသားအားလုံးသည် ပင်ပန်းမှုကို မြတ်နိုးကြသည်။
ဂျက်လန်ဒန် သည် ၀တ္ထုရေးရန် ပင်ပန်းမည်။ ဒွေးသည် သရုပ်ဆောင်ရန် ပင်ပန်းမည်။ဇေယျာထက်သည့် သူ့ ဟန်းဆက် အသစ်အား သူငယ်ချင်းများအား ပတ်ကြွားရန် ပင်ပန်းမည်။
ကျွန်တော်သည်လည်း သူမကို ချစ်သောကြောင့်ပင်ပန်းပါသည်။ပင်ပန်းဆင်းရဲမှုဟူသည် မွေးမြူမထားသင့်ဟု အဖွားကပြောဖူးသည်။သို့ သော် ထို ပင်ပန်းမှုလေးတွင် ကျွန်တော်က သာယာနေမိပါသည်။
********************************************************
ကံကြမ္မာရေ ......
ကြိုးဝိုင်းထဲမှာသာဆို........
မင်းကိုငါ အလဲထိုးတယ်....
ခုတော့...............။
(မနော်ဟရီ)
********************************************************
ထိုနေ့ က မြ၀တီမှ ကိုရီးယားကားအသစ်လာပါသည်။ ထိုနေ့ က စတီဖင်ဟော့ကင်းဧ။်မွေးနေ့ ဖြစ်သည်။
ထိုနေ့ သည် စိန်ပန်းများ ဝေေ၀ဆာအောင်ပွင့်သော တနင်္ဂနွေဖြစ်ပါသည်။
ထိုနေ့ တွင် ကမ္ဘာပေါ်ရှိ အရာအားလုံး သည် ဘုရားသခင်ဧ။်ခြေတော်ရင်းတွင် ၀ပ်ဆင်းခဲ့ပါသည်။
ထိုနေ့ မှာပင် ကျွန်တော့်အား နှုတ်မဆက်ဘဲ အဝေဆုံးတစ်နေရာသို့  သူမထွက်ခွါသွားခဲ့ပါသည်။
ဟိုးအဝေးမှ အလင်းပြာရီတို့  ကောင်းကင်ပြင်မှပျောက် ကွယ်သွားခဲ့ပါသည်။
ငြိမ်သက်နေသော သူမဧ။်ကိုယ်လေးသည် ကျွန်တော့်နှလုံးသားဧ။် နောက်ဆုံးပြယုဒ် တစ်ခုဖြစ်သည်။
တိမ်ဖြူတို့ ကင်းစင်နေသော ကောင်းကင်ပြင်သည် သူမဧ။် ၀ိဥာဉ်ကို အေးချမ်းပါစေ........။
ကျွန်တော် ဆုတောင်းပါသည်။
သူမကိုပြောပြရန် စကားလုံးများစွာ ကျွန်တော့်မှာ ရှိသည်။
သူမရယ်မောစေရန် ဟာသများစွာ ကျွန်တော်ဖန်တီးထားသည်။
သူမနှုတ်ခမ်းလေး ဆူလာသည် အထိ ကျွန်တော် စနောက်ချင်သေးသည်။
သို့ သော်...........
သို့ သော်.................................
အရာအားလုံးသည် တိတ်ဆိတ်စွာပင်ပြီးဆုံးသွားခဲ့ပါသည်။
မဆုံနိုင်သော သံသရာ တွင် ခရီးသစ်ကို သူမက စောစီးစွာ စတင်ထွက်ခွါသွားခဲ့သည်။
ခွဲခွါခြင်းဧ။် ခံစားချက်သည် နာကျင်လွန်းလှသည်။
.............................
မြူနှင်းတို့  စိုစွတ်နေသော မျက်ဝန်းများသည် သူမဧ။် ရယ်သံလွင်လွင်လေးသာ ဖြစ်ပါစေ။
သိုဝှက်ထားသော မေတ္တာတရားသည် သူမဧ။် ကလေးဆန်မှုများသာ ဖြစ်ပါစေ။
ရင်ဘတ်ထဲတွင် တောက်လောင်နေသော မီးတောက်မီးလျှံများသည် သူမဧ။်မျက်ဝန်းစိမ်းလေးများသာ ဖြစ်ပါစေ။
******************************************************************
ထိုနေ့ ကောင်းကင်ပြင်တွင် အမျိုးအမည်မသိသော မီးခိုးများ မှိုင်းဝေနေခဲ့သည်။
ထိုနေ့ က ဆယ်နှစ်ရာသီ ပန်းများ ငိုကြွေးခဲ့ကြသည်။
ထိုနေ့ က ကမ္ဘာ မြေသည် ကျွန်တော့်အတွက် ဂူသချိုင်္င်းဆန်လာခဲ့ပါသည်။
******************************************************************
အားလုံးကို စွန့် လွှတ်ရရင်တောင်မှ
သတိရခြင်းကို ငါပိုင်တယ်.....
(ဒတ္တ)
******************************************************************
ဆောင်းတစ်ခုရဲ့ အလွန်
နှင်းရိပ်တွေတသွင်သွင်နဲ့ 
နေပီပီမလင်းတဲ့ နံနက်ခင်းတစ်ခု
နင့်ကိုစောင့်ရင်း ဘုရားမှာ ငါဆုတောင်းမယ်
အချစ်ဆိုတာ ဘယ်သူမှမပိုင်ဆိုင်တဲ့
ကောင်းကင်လက်ဆာင်ပါကွယ်။
ဆန္ဒရဲ့  ရောင်နီဦးတွေနဲ့ 
နီလွင်ထစ်ချူန်း
မသိခြင်းဥတုရာသီထဲက
ကမ္ဘာဦးတစ်နေ့ ဟာ
ငါ့ရစ်သမ်တွေကို ခါးခါးသီးသီးငြင်းပယ်ပစ်ခဲ့တယ်။
ဗီးနပ်စ်ဆိုတာ တစ်ချို့ လူတွေအတွက် စေတန်ပါပဲ။
ငါဆိုတဲ့ကောင်က မိုးမြေသက်တန့် အလယ်
ချစ်သူကို ထည်ဝါစွာ တင်မြှောက်ခစားချင်တဲ့
ပူအိုက်အိုက် ပုစဉ်းရင်ကွဲဂီတပါ..။
လျှပ်ဝါ မီးပန်းတွေနဲ့ 
မှိုင်းပြာရီဝေနေတဲ့
သစ်ရွက်စာ တစ်အုပ်သာ ကျန်ခဲ့ပါစေ......
အရာရာဟာ ဈာပန သာ ဖြစ်စေသားကွယ်။
-နေ့ သစ်
(၂၄.၁၂.၂၀၀၈)
လူမှုရေးကဗျာ
-က-
''ချစ်ခြင်းမေတ္တာမပါတဲ့ စာပေကို
စိတ်ကူးကြည့်ဖို့  ခက်ခဲတယ်''
ဂျွန်ဘေလေး ရဲ့  အငြင်းပွားဖွယ်တစ်စုံတစ်ရာဟာ
လူမှုရေးစကားဝိုင်းထဲမှာ
လွယ်လင့်တကူ ပျောက်ဆုံးနေတယ်။
-ခ-
ညနေခင်းကိုနှုတ်ဆက်ဖို့ 
မျက်လုံးတွေ ဆွဲပိတ်လိုက်ရတဲ့အခါ၊
ချစ်ခြင်းမေတ္တာဟာ
လုံခြုံမှုမရှိကြောင်း တင်ပြဖို့ 
ဗျာပါဒတွေ ဆောက်တည်ရာမရတဲ့အခါ၊
စာချုပ်စာတမ်းတွေနဲ့ 
ဆွဲဆွဲငင်ငင် အသက်ရှင်ဖို့ 
တော်တော်စဉ်းစားရလိမ့်မယ်။
-ဂ-
အလွယ်တကူဖြစ်တည်ပြီး
အလွယ်တကူ ပျက်ယွင်းနေတဲ့
ကမ္ဘာပေါ်က ဈေးနေ့ အချို့ မှာ
ငါတို့ ရှိုက်သွင်းတဲ့ ဓာတ်ငွေ့ ဟာ
အောက်ဆီဂျင်ဖြစ်ဖို့ မလိုဘူး၊
သံတောင်ကြီး အရည်ပျော်ကျဖို့ ဆိုတာ
ကွမ်းတစ်ယာ၊ရေတစ်မုတ်နဲ့ 
မိုးချုပ်ရုံပဲ။
-ဃ-
တံစိုးလက်ဆောင်မပါရင်
အထက်ပါအတိုင်းဆက်သွားဖို့ 
... ... ... ...
ဒီနေရာ ဒီမှာပဲ ပြီးပြီ။
-င-
တခါတလေ ဆိုတဲ့စကားလုံးကိုလည်း
သုံးရတာ ငြီးငွေ့ လာရဲ့ ၊
ဘယ်နတ်မှ မကြိုက်ရင်နေ
ငါလျှောက်တဲ့လမ်းပေါ်မှာ
မွေးဖွါးခြင်းနဲ့ သေခြင်းကြားက ပဋိပက္ခ
ဒါအကုန်ပဲ။
-စ-
ခင်ဗျားဇာတ်လမ်းမှာ
လွမ်းစရာပါရင်
မိုးရာသီမှာ
အိပ်ဖို့  လိုမယ်၊
(ခေါင်းကိုက်ပျောက်ဆေး မလိုဘူး)
ဒီလိုမဟုတ်ဘဲ
အနမ်းတွေနဲ့  ချုပ်ထားရင်တော့
ကော်ဖီချမ်းချမ်းတစ်ခွက်နဲ့  လေပေါ့၊
ကိုယ့်အညွှန်းနဲ့ ကိုယ်ဆိုတော့
ကျေနပ်ဖို့ က အဓိကပဲ။
-ဆ-
ကဲ နီးစပ်ရာ ဒုက္ခတွေကို
လက်လှမ်းမီသလောက်ဆွဲဖြဲပစ်ခဲ့
ချဉ်ငံစပ် ဘ၀တစ်ပွဲတည်းနဲ့ 
မေတ္တာ တွေ သိုးကုန်လိမ့်မယ်။ ။
Friday, December 11, 2009
မိတည်ကြည်အတွက်ကဗျာ-၁
ငါ့ဆင်ခြင်တုံတရားဆိုတာ
နင်ဝတ်ဆင်တဲ့ နောက်ဆုံးပေါ်ဒီဇိုင်းတွေ ဖြစ်နေပါရောလား
အချည်းအနှီးတောင်တန်းတွေကို
အထီးတည်းဖြတ်ကျော်ရတဲ့အခါ
ကွမ်တမ်သီအိုရီ ဆိုတာလည်း
ညနေခင်းနဲ့ မဆီလျော်တော့ဘူးပေါ့၊
မောင်ချောနွယ်ကိုမသိ၊အန်ဒီမာရေးကိုသာသိတဲ့
ဘယ်ဘက်ကတိုက်ပေးရမလဲလို့  ငါစဉ်းစားတဲ့အခါ
နင့်ကို သတိရတယ်။
ရပ်တန်းကတော့ မရပ်ချင်ဘူးကွယ်
ငါတို့ လက်ထဲက ကံ့ကော်တောလေးကို
(၉၆)ပါးသော ဆေးရောင်စုံတွေ လောင်းချတဲ့အခါ
ငါ့ကိုယုံကြည်ဖို့ 
နင့်ကိုယ်နင် ယုံကြည်စရာမလိုပါဘူး
ငါလက်ဆောင်ပေးမယ့် အပြာရောင်အနန္တလေးဟာ
ရောဂါပိုးမွှား အကြွင်းမဲ့ကင်းစင်ပါတယ်။
ဟေး ... မိတည်ကြည်
ဘတ်စ်ကားတိုးမစီးနိုင်တဲ့ ကိုရွှေချောတွေလို
အလှကုန်ပစ္စည်းတွေကို ဖေါဖေါသီသီစားနေတယ်လို့ များ
နင်က ငါ့ကို မြင်နေရော့သလား၊
ကမ္ဘာကြီးက ပြားမနေဘူးဆိုပြီး ငါ့ကိုတော့ ရေစက်မချလိုက်နဲ့ 
ငါကပိုင်စိုးဝေ မဟုတ်သလို
နင်ကလည်း မိဝင်းမဟုတ်ဘူး၊
နင်က မော်နီကာလူဝင်စကီးနဲ့ မတူသလို
ငါကလည်း ဘီလ်ကလင်တန်မဖြစ်နိုင်ပြန်ဘူး
မိတည်ကြည်ရေ ...
ဓူဝံကြယ်ကို ခူးမပေးနိုင်ပေမယ့်
ငါ့တရားကိုတော့ နာပါကွယ်။
ကိုယ့်ထမင်းကိုယ်စားပြီး ချစ်မိတော့လည်း
ကိုယ့်နံကြားကိုပဲ ဓားနဲ့ ထောက်ထားတော့မယ်၊
ကုဗပုံလူငယ်တစ်ယောက်ရဲ့
သော့ပေါက်မပါတဲ့ ဆောင်းရာသီထဲမှာ
နင့်လမ်းပေါ် နင့်ခြေထောက်တွေနဲ့  ငါလျှောက်ရပေါ့
နင့်ကျောင်း၊နင့်ဂါထာနဲ့  တစ်ရွာတစ်ပုဒ် ဆန်းရပေါ့
နင့်ဆန်စားပြီး ငါရဲရပေါ့၊
မိတည်ကြည်ရေ ...
ငါ့မှာရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တဲ့
ဆေးလိပ်နဲ့ ရေနွေးကြမ်းရောသောက်တတ်တဲ့
ပြီး ... ပလက်ဖေါင်းနဲ့ သမ္မတအိမ်တော် မှားအိပ်မိတဲ့
ဘာတဲ့ ... သူငယ်ချင်းဆိုတာ
ဟုတ်စ ... မိတည်ကြည်
ညနေခင်းတွေထဲ ခေါ်မသွားနိုင်ဘူးကွယ်
တော်ကြာ ... ခုနစ်စဉ်ကြယ်ရဲ့ အမြှီးကိုလိုချင်တယ် ဆိုမှ
ကောင်းကင်ကြီးနဲ့ ငါ ဗျာပါဒများနေရပါဦးမယ်။
ဘကြီးအောင်လို
ငါ့ကိုညာဖို့ တော့ မကြိုးစားနဲ့ လေ
နင်ကသာ ထီးဆောင်းပေးမယ်ဆို
ခေါင်းကလေးကို တစ်ချက်လောက်ပဲညိတ်ပေးပါ မိတည်ကြည်
တစ်ချက်လောက်ပါပဲ ...
ဟောဒီ့နတ္ထိကောင်ရဲ့ သလင်းကျောက်ရှင်ထဲမှာ
မိတည်ကြည် ဆိုတဲ့ အကြောင်းသုံးပါးလေးရှိနေတာ
တမင်းရေချောင်းစီး၊မောင်းတီးပြီးကြေငြာပစ်ချင်လို့ ပါ။
ကြည့်စမ်း ...
ကြယ်နဲ့ လကို ဆွေခန်းမျိုးခန်းဖြတ်ထားတဲ့ ညလေးပဲ
သူ့ အလင်းတွေသူ ပြန်ကောက်နေလိုက်တာ
မှောင်ရမှာတောင် မေ့လို့ ၊
ခက်ပါလား ... မိတည်ကြည်ရယ်
နင်ဆိုတဲ့ လူမလေးဟာလေ
ဂစ်တာနဲ့ ပီယာနိုခွဲခြားမသိပေမယ့်
ဖာဂူဆန်ကြီးဘယ်နှစ်ပွဲအပယ်ခံရတယ် ဆိုတာမျိုးကျ
သိနေပြန်ပါရော ။
သီတင်းကျွတ်ရင် အညာပြန်မယ်
မိုးနဲ့ မြေကို အောင်သွယ်မယ်
ဆိုင်ကယ်ဆိုတာ ထန်းရည်နဲ့ မောင်းလို့ မရကြောင်း
သက်သေပြမယ်၊
မင်္ဂလာပါ မိတည်ကြည်
သူ့ ကိုယ်သူ လေယာဉ်ပျံလို့ ထင်နေတဲ့
စာဘူးတောင်းငှက်ကလေးကိုလည်း ထားရစ်ခဲ့၊
သွားစို့ လေ ...
ငါတို့ တွေ နက္ခတ်ချင်းလက်တွဲပြီး
အိုဇုန်းလွှာကို ဖါထေးကြမယ်။
ကမ္ဘာကြီးအတွက် ခင်ဗျားကိုလိုအပ်တယ်
ကမ္ဘာကြီးနဲ့  လက်ထပ်ထားပြီးမှ
ခင်ဗျားက ကွာရှင်းပြတ်စဲချင်တယ်ပေါ့
ကိုယ့်ကိုယ်ကို ခြွေချနေတဲ့ ခေတ်ထဲမှာ
သစ်ပင်ဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းတဲ့အကြောင်း
ခင်ဗျားပဲ သက်သေပေါင်းသောင်းခြောက်ထောင်ခေါ်လာခဲ့တာလေ။
မော်တော်ကားနဲ့ ဆင်းရဲသား
မခွဲခြားတတ်တဲ့ ခင်ဗျားမျက်မှန်လေးကို
လက်ပွန်းတတီး ဆွဲခြုံထားလိုက်စမ်းပါ
ကမ္ဘာကြီးကခင်ဗျားကိုလိုအပ်တယ်ဆိုတာ
ခင်ဗျားညီတွေကို မေးနေစရာကိုမလိုဘူး။
နာမည်နဲ့ ဘောင်ခတ်မထားချင်သူ၊
စတော်ဘယ်ရီသီးကို အရက်နဲ့ မြည်းတဲ့ကဗျာဆရာ၊
နိုင်ဝင်ဘာဒိုင်ယာရီထဲက ကျွန်တော်တို့ ရဲ့ ရုပ်ရှင်မင်းသား
ကွမ်းတစ်ယာ၊ရေတစ်မုတ်နဲ့ 
မိုးချုပ်တော့မှာလား။
ကဲ ... ငါ့ရှင်ရေ
ရန်ကုန်ကို ပြန်လာခဲ့
သေရေးရှင်ရေးပဲ တွေးကြမယ်။
(ချစ်ခင်လေးစားရပါသော ကျွန်တော်တို့ ရဲ့အစ်ကိုကြီး ကိုအမည်မဲ့အတွက်)
-ဆရာမောင်စိမ်းသစ်နှင့်ဆရာဟိန်းမြတ်ဇော် တို့ ၏စာသားအချို့ ကို ယူငင်သုံးစွဲထားကြောင့် ၀န်ခံအပ်ပါသည်။
Wednesday, December 9, 2009
စိုက်ခင်း
ရင်ဘတ်ဟောင်းလောင်း လမ်းမပေါ်မှာ
နောက်ဆုံးပေါ်လို့  အမည်ရတဲ့
မော်တော်ကားတွေ
ငယ်သံပါအောင် စူးရင့်နေကြ၊
တေလေတို့ ရဲ့  ရော့ခ်သီချင်းများလည်း
ဒီလိုညမှာပဲ
အလွမ်းကို ဆွဲငင်ကြတယ်၊
ငါကတော့ ...
အမေ့အိမ်ကို စာအုပ်ကြားထဲညှပ်ပြီး
မင်းကလေးကို
သပ်သပ်ရပ်ရပ် ချစ်တတ်ခဲ့ပြီ။
နီယွန်ပန်းများလည်း
ယုတ်ညံ့သော နှုတ်ခွန်းဆက်စကားကို
ပါးပါးလျလျ ဆိုနွှေးနေကြ၊
ဘ၀နဲ့ ရင်းခဲ့တာတော့လည်း
မဟုတ်ဘူးပေါ့ကွယ်၊
ငါက ...
တ၀မ်းတခါးအတွက် ဘ၀ကို
ကြမ်းကြမ်းတမ်းတမ်း
မလျှောက်ရဲသူ၊
ဟို တစ်ထောင့်တစ်ညက
အဖမေတ္တာ ငတ်လို့ 
ကမ်းဝေးခဲ့ရုံပါ၊
ဒီလိုပဲ ...
မပြောမဆို လွမ်းတယ်။
ရှယ်လီ မသိအောင်
နတ်ပျိုမတွေ ကောက်စိုက်ပွဲဆင်ကြပြီ
.....................................
တကယ်တော့
ဒီလို ...
ကယ်တင်ရှင်သူရဲကောင်းမရှိတဲ့ ပြဇာတ်ကို ငါမှမရေးရဲဘဲ၊
အနီရင့်ရင့် လူယောင်ဆောင်ပြီး
လမ်းလျှောက်ဖို့ 
ဟောဒီ့ အညတရကောင်ကို
ပုခုံးပါးပါးတစ်ရံလောက် ပေးကြစမ်းပါ။
မိန်းကလေးရေ ...
မင်းရောင်းချခဲ့တဲ့
ကာလပေါ်လိမ်လည်မှုများကို
စားသုံးပြီးနောက်ပိုင်း
အရည်အသွေးညံ့ စက္ကူများပေါ်
ကဗျာမရေးမိဖို့ 
ငါ ... ဆုံးဖြတ်ထားခဲ့။
ဒီသီချင်းဟာ
ဓားမိုးပြီးဆိုတဲ့ တေးဖြစ်တယ်၊
`ဝေးခဲ့ပြီ ခရမ်းပြာရေ´
ထို့ နောက် ...
ပြီးပါပြီစာတမ်း အထိုးမှာ ငါ့ကိုယ်ငါတောင်
မှတ်တမ်းမတင်ခဲ့ရ
တကယ်တော့ ...
မင်းခြွေချခဲ့တာ
နတ်ပန်းပွင့်တွေမှမဟုတ်ဘဲ၊
ကူရိုဆားဝါး ရိုက်ကူးခဲ့တဲ့
ဒီဇာတ်ကားမှာ ငါက
ဖြတ်လျှောက်ပေးခဲ့ရုံသာ။
တခါတလေကျတော့
မညီမညာ ပစ်တင်ထားတဲ့
ကွေ့ ကောက်ကောက် လက်ရေးမူတွေကြားထဲ
ဖြတ်ကတတ်ဆန်း ...
သေပစ်လိုက်ချင်တယ်၊
ကြယ်တာရာနဲ့ ပျိုးထောင်ခံခဲ့ရတဲ့ ကောင်မှမဟုတ်ဘဲ
ဆောင်ဓား မလိုပါဘူးကွယ်။
နေညိုချိန်မှ လွမ်းခွဲဖို့ ၊
မာနနဲ့  ပြုံးရယ်ပြဖို့ ၊
ကိုယ်စီ ထွန်းညှိထားတဲ့
တန်ဆောင်မုန်းည လမ်းနက်နက်တွေထဲ
လွင့်ပစ်လိုက်ကြရုံပေါ့ ...၊
ငါ့ စိုက်ခင်းထဲမှာ ...
မင်း မျက်လုံးတွေ
ပဲ့ပါ မျောလွင့် သွားပြီ ဆိုတဲ့ အသိက
ဦးနှောက်ကို ဘီလူးဝင်ပူးတယ်။
မိန်းကလေးရေ ...
တစ်ကျွန်းကျသွားပြီဖြစ်တဲ့
မင့်ဆံပင်ညိုတွေ ...
ပုံပြောင်းထုဆစ်ရင်း
ငါတို့ တွေ ...
အစိမ်းရင့်ရင့် ဆက်လျှောက်ကြမယ်။
-နေ့ သစ်(၁.၁၁.၂၀၀၉)
Tuesday, December 8, 2009
တတိယကမ္ဘာစစ်
၂၁ ရာစုမှာ
လူသားက သစ်ပင်ကို
စစ်ကြေငြာတယ်။
မြင်ရမလား မသိဘူး
တိမ်တွေပေါ်မှာ
ကန္တာရတစ်ခု တင်ပျဉ်ခွေထိုင်လို့ ၊
ဖြစ်ပျက်မှုတစ်ခဏများစွာနဲ့ 
ကျွန်တော်တို့ ဂြိုဟ်ပြာကြီး
အရိုးပေါ်အရေတင်နေပြီ။
ဂရင်းလန်ကို ဘယ်သူမီးရှို့ တာလဲ
ကိုယ့်မေးခွန်းနဲ့ ကိုယ် အလောင်ခံရတဲ့ဘဝ
နွေခေါင်ခေါင်မိုးရွာတာများ
အသက် ၈၀ ကျော် ကျွန်တော့်အဖိုး
အံ့တွေသြလို့ ။
ခင်ဗျားကိုင်ထားတဲ့ အောက်ဆီဂျင်လေး
လိုလိုမယ်မယ်သိမ်းထားလိုက်ပါ၊
အိုဘားမားလို ဟောတတ်ပြောတတ်ရုံနဲ့ 
ကမ္ဘာကြီး ငိုတာကိုမြင်နိုင်ဖို့ 
ခဲယဉ်းလွန်းတယ်။
-နေ့ သစ်
မျဉ်းဖြောင့်
မျဉ်းဖြောင့်တစ်ကြောင်းဟာ
မိုးကုပ်စက်ဝိုင်းဖြစ်နိုင်သလို
အဆုံး၊အစ ကိုသင်ပြတဲ့
နာမည်ကြီး ကျူရှင်ဆရာတစ်ဦးလည်း ဖြစ်နိုင်တယ်။
ရေနွေးကြမ်းသောက်တဲ့ ဓလေ့ဟာ
အခုထိတော့ ၀တ်ပျော်နေတုန်းပဲ၊
လက်တွေကို သီအိုရီပေါ်တင်ထားတယ်၊
ခင်ဗျားကော ဘာဖြစ်နိုင်သလဲ
အယ်လ်ဂိုးလား၊ချေလား၊ရေနံရောင်းနိုင်ငံများအဖွဲ့ လား
မျဉ်းဖြောင့်တစ်ကြောင်းကတော့
ခင်ဗျားကော၊ကျွန်တော်ကော၊အိုဇုန်းလွှာကော
ဘာမဆိုဖြစ်နိုင်ရဲ့ ။
သတိတရဖြတ်စများ
-၁-
သူရယ်
ကျွန်တော်ရယ်
အမွှေးပွပွစာအုပ်လေး တစ်ကောင်ရယ်
စနေနေ့  တစ်နေ့ ရယ်
တရိုးတရီလက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ခဲ့စဉ်က
ကမ္ဘာပေါ်မှာ ဥသြ ငှက်ကလေးတွေ
ခေတ်မမှီကြသေးဘူး ...။
-၂-
ကျွန်တော်တို့ 
ကိုယ့်ကိုယ်ကို နာမည်ပေးခွင့်ရှိသင့်သလား
သူ့ ကို ကျွန်တော်အဲဒီလိုမျိုး မမေးဖူးခဲ့
သံယောဇဉ် ဆိုတာ ရေရောလို့ မှမကောင်းတာ
ဟော ... ကြည့်
ဒီအမိုးအကာမပါတဲ့ လေပြည်လေးဟာ ဆောင်းပေါ့
အတောင်ပံတွေကို အညတရဆန်ဆန်ခတ်လို့ ။
-၃-
ဘာသားနဲ့ ထုထားတာမို့ လဲ
ဂီတတောင် လူသားဆန်နေရဲ့ 
မြေကြီးထဲမှာ ဆွေးမြေ့  သေဆုံးသွားတဲ့
အလွမ်းသီချင်းများစွာအတွက်
ယနေ့ မှ ပြီး
ကျွန်တော်တို့ အားလုံး
သစ်ပင်စိုက်သင့်ပြီ။
-၄-
သူရယ်
ကျွန်တော်ရယ်
အထီးတည်းညနေခင်းနဲ့  စကားဝိုင်းဖွဲ့ ဖြစ်တယ်
ဘာပဲပြောပြော
ပုံသေနည်းအဟောင်းနဲ့ 
လူလုပ်ရတာပျော်စရာတော့ ကောင်းသား။
-၅-
လူ့ ဘောင်ကြီးမှာ
မီးကို ရှာဖွေတွေ့  ရှိခါနီးပြီ၊
ဘယ်သူ့ အတွက်ရယ်လို့ 
မရည်ရွယ်ဘဲ တိမ်တွေ လှလို့ ၊
ပင်လယ်ကြီးက ခုထိ ခေါင်းမာ တုန်း၊
အရိပ်လေးတစ်ခု ကျွန်တော် သိမ်းထားတယ်။
-နေ့ သစ်(၁၇.၁၁.၂၀၀၉)
မကြည်ဖြူ
အချိန်က
ဂဏန်းလေးလုံးစာ
မိုးရာသီအတု၊
ကျွန်တော် ကမ္ဘာကြီးကို
ဗလာစာအုပ်ထဲ ညှပ်ထားဖို့ ကြံနေတုန်း
လွတ်ကျသွားတဲ့
ချိနဲ့ နဲ့ ရာသီဥတုလေးကို
မကြည်ဖြူ တက်နင်းသွားတယ်။
`မကြည်ဖြူအလှကြောင့်
အိုဇုန်းလွှာပေါက်ပြဲသွားတာ ဖြစ်မယ်´
ဒီလိုမျိုး ကျွန်တော်ပြောလိုက်တော့
အနော်ရထာလမ်းမကြီးပေါ်က
ခိုပြာလေးတွေ ရယ်သွမ်းသွေးကြရဲ့ 
ကျွန်တော့်မှာ ဖိနပ်ပြတ်နေရတဲ့ကြားထဲ
ရန်ကုန်မြို့ ကြီးကို
ခဏခဏခလုတ်တိုက်မိခဲ့။
အခုတော့
နှစ်ဦးသားကြား အရာအားလုံး
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းလို့ 
အနုမြူစစ်ကို ကျိန်ဆဲတဲ့ ကျေးငှက်သံတွေနဲ့ 
ဥက္ကာပျံအပဲ့၊ဘာသာစကားကဗျာတွေ၊
ကျွန်တော်လေ
ခရေစေ့တွင်းကျ လွမ်းမိတယ်။
ရှေးထုံးလည်းပယ်ဖူးပြီ
ဈေးသုံးလည်း လွယ်ခဲ့ပါပြီ
မကြည်ဖြူရေ၊
မနေ့ က
အိပ်မက်တွေ ကားတိုက်ခံရတယ်
အခုလို ရိုးရီဝေညနေကလေးပေါ့
အပြုံးအစစ်ပေါ်မှာ အပြုံးအတုတွေ ခြင်းခြင်းရဲလို့ ။
ကျွန်တော်က
တနင်္ဂနွေနံ့ တွေကြားက
နေ့ တစ်ဝက်၊ညတစ်ဝက်ကောင်ပါ
မကြည်ဖြူ၊
နိုဝင်ဘာစံတော်ချိန်လေး အိပ်ငိုက်နေသ၍
တန်ရာတန်ကြေးပေးပြီး
အကြိမ်ကြိမ်သေနေရဦးမှာပဲ။
ပင်လယ်ထဲမှာ တောမီးလောင်၊
တောင်တန်းတွေပေါ် ရေကြီး၊
ငလျင်တွေ ထောင်သောင်းပွင့်တယ်၊
တဖြည်းဖြည်းနွေဦးပေါက်လာတဲ့
ဒီလိုကပ်ကမ္ဘာကြီးမှာ
ကျွန်တော် နေပျော်၊သေပျော်ရခြင်း အကြောင်းရင်းဟာ
မကြည်ဖြူသာ ဖြစ်ပေတယ်။
ခွင့်လွှတ်ပါ မကြည်ဖြူ
ကျွန်တော့်ဝမ်းဗိုက်က
အိပ်မက်ကြီးကြီးနဲ့  မဆံ့လို့ ပါ။
ကမ္ဘာကြီးကို ဘယ်သူကများ
သံပတ်ပေးပြီး လည်ခိုင်းထားသလဲ၊
ဒါဝင်မမွေးခင်က ရှင်သန်ခဲ့သော
မျောက်သတ္တ၀ါတို့ အတွက်
ဘ၀အာမခံချက်ရှိပါရဲ့  လား၊
မကြည်ဖြူရေ ...
မကြည်ဖြူရေ ...
မြစ်ဆိုတာ
အရောင်တွေနဲ့ စီးဆင်းရတာမှမဟုတ်တာ။
ဒီနေ့  စနေနေ့ 
ကျွန်တော်လည်း
မိုးခါးရေသောက်တော့မယ်
မလင်းဘူးဆိုရင်တောင်
မမှောင်ချင်လို့ ပါ။
အချိန်က
ဂဏန်းလေးလုံးစာ မိုးရာသီပါပဲ
မျက်လုံးသေတွေနဲ့ 
အနောက်မြို့ ရိုးဆီ ရော်ရမ်း
ဆယ့်နှစ်ရာသီပန်းတွေ တခမ်းတနားဝေတယ်၊
ဘယ်သူရှိရမလဲ
မကြည်ဖြူပေါ့
ကျွန်တော်နဲ့  ဗလာစာအုပ်လေးကို
နှုတ်မဆက်ဘဲ အိမ်ပြန်သွားလေရဲ့  ။ ။
-နေ့ သစ်(၂၂.၁၁.၂၀၀၉)