အခုရက်ပိုင်း
ကိုယ့်မှာ ဘာသာရေးမကိုင်းရှိုင်းဖြစ်ဘူး
အိပ်မက်လို့  နာမည်တပ်ထားတဲ့
နူကလီယားဗုံးတွေပဲ ပါးစပ်ထဲမှာ ငုံထားရတယ်။
သူမနာမည်က မြန်မာလိုပေါင်းရတာ ခက်တယ်
သူမစကားသံက
လူကို ဓာတ်လိုက်တယ်။
လမ်းမီးတိုင်တွေ အိပ်ငိုက်နေတဲ့ည
လူသားနှစ်ဦးရဲ့  ဆုံတွေ့ မှုခဏမှာ
နှုတ်မရတဲ့ သစ်ပင်တွေက
လျှပ်စစ်ဓာတ်အား ပြည့်ဝလို့ ။
သူမက လေကိုဆန်၊ပျံနေတဲ့ ငှက်ကလေး
ကိုယ်က
ရေစုန်မှာ ပက်လက်မျောတဲ့ငါး
အားနည်းချက်က ခပ်များများရယ်။
သေချာရဲ့ လားလို့ 
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တော့
ဝတ်စရာ စကားလုံးလှလှလေးတွေ
ရှာလို့ မရခဲ့ဘူး
အဲဒီ့ညကစလို့  သူမကို ကိုးကွယ်လိုက်တယ်။
သူမနာမည်လေး အခိုးခံရမှာစိုးလို့ 
အိပ်စက်ခြင်းကနေပင်စင်ယူခဲ့တဲ့ကိုယ်
ခုဆို မိုးလင်းတာတောင် တရားမနာဖြစ်တော့ဘူး။
၂၀၁၀၊ဇန်န၀ါရီလ၊အမှတ်မထင်ည
သူမအရိပ်က ကောက်ကြောင်းလှတယ်
ကိုယ်ကတော့
ကားဟွန်းသံကြားရင်
လမ်းဖယ်ပေးနေတတ်တုန်း။
တပ်မတော်သားအပေါင်းသို့
3 weeks ago
4 comments:
ကြိုက်တယ် အဲဒီကဗျာလေးကို
မဉ္ဇူ
ှုI Like This Poem.
ကောင်းတယ်ဗျ..
တို့အတန်းထဲမယ်တော့ မဉ္ဖူ ဆိုပြီး မရှိဘူးမှတ်တာပဲကွာ.. တည်ကြည်ခင်ပြီးတော့ ဒါနောက်တစ်ယောက်လား ? :D
Post a Comment