နားပေါက်ဖေါက်ထားတဲ့ ဒီခေတ်ယဉ်ကျေးမှု
နေမ၀င်မိန်းမပျိုရဲ့  မဟာဆန်မှုနဲ့ 
သက္ကရာဇ် ၂၀၁၀ က
အာကာသထဲမှာ လက်ပစ်ကူးလို့ ။
ကိုယ်က လူငယ်
လုံခြုံရေး ချို့ တဲ့တယ်၊
သံသရာက မလွတ်မြောက်ချင်ဘူး။
တစ်ယောက်သောသူအတွက် အတွေးက
ရန်ကုန်-မန္တလေးလမ်းမကြီးလို
ရှည်လျားလွန်းတယ်။
ကြာခဲ့ပါပြီ
ကျပျောက်သွားတဲ့ထီးကလေးကို
မီးတောင်အ၀မှာ ရှာလို့ မရခဲ့တာ၊
ဒီလိုနဲ့ ပဲ
နက္ခတ်မှားတဲ့ ညတိုင်း
ပြက္ခဒိန်အဟောင်းထဲ ဒိုင်ဗင်ထိုးဆင်းချမိတယ်။
အဲဒီတုန်းအခါကပေါ့
မှောင်ရိပ်ထဲက ရှက်ပြုံးလေးဟာ
ပြူတင်းတံခါးတွေ တက်ကုန်ရွက်ကုန်ဖွင့်ပြီး
အစိမ်းသက်သက် လှလို့ ။
တပ်မတော်သားအပေါင်းသို့
3 weeks ago
3 comments:
ကိုယ်က လူငယ်
လုံခြုံရေး ချို့ တဲ့တယ်၊
သံသရာက မလွတ်မြောက်ချင်ဘူး။
သိပ်လှတယ် လင့်ခ် ပြန်ချိတ်ခွင့်ပြုပါ
နောက်လည်းလာလာလည်ပါမယ်.။
ခင်မင်စွာ
သိပ်လှတဲ့ကဗျာလေးတွေ..
သတိထားပြီးလည်း ဖတ်နေရတဲ့ စာသားလေးတွေ..
လာလာဖတ်ဖြစ်တယ်..။
လှတယ်ဗျ။ တမျိုးလေးပဲ။
Post a Comment