rss
Twitter Delicious Facebook Digg Stumbleupon Favorites
Thursday, February 4, 2010
ပန်းချီကားညများ-၂
အသက်ဓာတ်ကို
ကားလမ်းပေါ်ဖြန့် ခင်းထားတဲ့ည၊
လက်ဖ၀ါးမှာ ကပ်ပါလာတာက
အင်ဂျလီနာဂျိုလီ လို ဆွဲဆောင်မှုမရှိလှတဲ့
သဲကြိုးပြတ်နေတဲ့  အိပ်မက်တွေ
ကန္တရကို ဖြတ်နိုင်တော့မယ်မထင်ဘူး
သစ်ပင်လရိပ်အောက်
ကောက်ယူလို့ မရတဲ့ စိတ်က
ကိစ္စအ၀၀ကို လစ်လျူရှုလို့ ။
ကျွန်တော်က
ကံကို အပြစ်တွေ ပုံချနေတုန်း
တိမ်တွေကို လက်ညှိုးထိုးပြီးရယ်တတ်တဲ့
ကျွန်တော့်မိတ်ဆွေမလေးက
မီးပုံပွဲရဲ့ ဆူညံမှုထဲ
ဒေါနတောင်တန်းကြီးကိုပစ်သွင်းထည့်လိ
ုက်တယ်။
သူမ
အညာသားယဉ်ကျေးမှုကို မသိဘူး
သူမ
ဘီလ်ဂိတ်လို မတော်ဘူး
သူမ
ငှက်မလေးတစ်ကောင်လိုပဲ၊
လွတ်လပ်တယ်။
ဇောကပ်နေတဲ့ သံဗူးခွံတွေနဲ့ ချစ်မေတ္တာကို
စက်ရုံကထုတ်လုပ်တယ်
အဲဒီလိုမီးပန်းတွေလွှတ်တဲ့ညအေးအေးများ
ပျော်လှတယ်တော့ မဟုတ်ပါဘူး။
ကောင်းကင်မှာ နေကြတ်သလို
ပင်လယ်မှာလည်း ရေကြတ်ရင်သိပ်ကောင်းမှာ
(ပျော်လှတယ်တော့ မဟုတ်ဘူး)
ကျွန်တော့်မိတ်ဆွေမလေးကတော့
သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းရင်း
သစ်ရွက်ခြောက်တွေနဲ့  ရန်ဖြစ်လို့ ။
နေ့ သစ်(၄.၂.၂၀၁၀)
2 comments:
panpwint said...
Hey,
naethit yae poem lay ka a yan ko kg tal naw...bal kg ma lay ko saung p write htar tar lae ....:P read yin nat taung myintzu so tat kg ma lay ko see chin sait twe paw lar p.... fighting ...fighting...kg ma lay ko lae ya aung lote ....poem twe lae di htet po pe kg aung write naing par say .... :D
Nwe said...
ငါ့တူလေးရောဂါတက်နေပြီပဲ .. မဉ္ဖူ ဆိုတဲ.နတ်သမီးလေးရေ .. အမြန်လာကူညီပါဦး ။ တော်ကြာအိပ်မပျော်တဲ.ရောဂါ အပြင် ..စားမ၀င်တဲ.ရောဂါ ပါ တိုးလာတော့မယ် ... မဉ္ဖူရေ .. ဒီကဗျာလေးကို ဖတ်ပြီး အမြန်ဆုံးသာအကြင်နာတွေပေးလှည့်ပါတော့ကွယ် ။
မဟုတ်ရင်တော့ ... မလွယ်ဘူး ။