မေမေရေ
အခုတလော
ဘီလူးနက္ခတ်တွေ ဈေးကောင်းတယ်။
ကျွန်တော့်မှာ
အချစ်ရေးအဆင်မပြေဘူး၊
လမ်းလျှောက်ရင် ခလုတ်တိုက်တယ်။
အ၀တ်အစားတွေလည်း မလျှော်ဖြစ်တာကြာပေါ့
ဘယ်အချိန်နေသာမလဲ စောင့်ရတာ
အရိပ်ဆိုတာ ဘာမှန်းမသိတော့ဘူး။
မီးညှိလို့ မရတဲ့ စိတ်ကို
ကောင်းကင်ကြီးနဲ့ ကိုင်ကိုင်ပေါက်တယ်။
ဆေးလိပ်ငွေ့ တွေကလည်း သစ္စာမရှိဘူး၊
အဖိတ်အစင်များလွန်းတဲ့ညက
ကတ္တရာစေးတွေနဲ့  အတူ
သီချင်းအေးအေးကို သံပြိုင်အော်လို့ ။
မီးပွိုင့်ကြီးက ကျွန်တော့်ကို
လှောင်ပြုံး ပြုံးပြတယ်၊
ခေါင်းလောင်းသံမကြားဖူးတဲ့ နားရွက်တွေနဲ့ 
တစ်ထောင့်တစ်ည ပုံပြင်တစ်ပုဒ်ကို
အိပ်ကပ်ထဲ ထည့်ထားရတာ လေးလှရဲ့ ။
မေမေရေ
အခုတလော
ဘီလူးနက္ခတ်တွေ
သိပ်ဈေးကောင်းတယ်။
တပ်မတော်သားအပေါင်းသို့
3 weeks ago
3 comments:
ဒီလိုနက္ခတ်ဆို နံရံကို လက်သီးနဲ့ ထိုးမိတယ် လို သီချင်းမျိုး ဆိုသင့်တယ် ။:P
ဆေးလိပ်ငွေ့ တွေကလည်း သစ္စာမရှိဘူး၊
အဖိတ်အစင်များလွန်းတဲ့ညက
ကတ္တရာစေးတွေနဲ့  အတူ
သီချင်းအေးအေးကို သံပြိုင်အော်လို့ ။
အဲလိုမျိုးလေးတွေပေါ့ကွာ........
ငါမင်းကို သဘောကျတယ်ဆိုတဲ့အထဲမှာ အဲလိုမျိုးလေးတွေ တွေ့တွေ့နေရလို့ပါ
ငါက ကဗျာကို ဘာရယ်ညာရယ်မပြောတတ်လို့
အဲလို မျိုးလေးတွေလို့ ပြောခဲ့တာပါ အစ်ညီရ..
း))) ...
ချစ်ခြင်းအားဖြင့်
Post a Comment