အိမ်မြောင်တွေ
ဘ၀ကိုဖေါ် ပြပုံက
တောင်တန်းနဲ့ မြက်ရိုင်းခြောက်တွေမပါဘူး။
ခွေးအူသံထဲက ထွက်ကျလာတဲ့ပန်းသီးဟာ
တတိယတန်းစားလူငယ်အတွက်တော့
အိပ်ခန်းနံရံက
လိင်ဆွဲဆောင်မှုရှိတဲ့ ဟောလိဝုဒ်မင်းသမီးတစ်ယောက်ရဲ့ 
ပိုစတာပဲ ဖြစ်လိမ့်မယ်။
အဲဒီလိုနဲ့ 
ကားမှတ်တိုင်မှာ ကျပျောက်ခဲ့တဲ့
ဖန်စီလက်စွပ်လေး တစ်ကွင်းက
ရန်ကုန်မြို့ ရဲ့ စရိုက်ကို
ပုံပြင်တစ်ပုဒ်လို ပြောပြလာတယ်။
တကယ်တမ်းကျ
ကိုယ့်အတွေးနဲ့ ကိုယ်လမ်းလျှောက်ရတာလောက်
ဘယ် ဟိုတယ်မှ မခမ်းနားနိုင်ဘူး။
နားထဲကို လောင်းထည့်ခံရတဲ့
အသည်းကွဲသီချင်းဟာ
ငါ့အတွက်တော့
နောက်ဆုံးရသတင်းပဲ ဖြစ်တယ်။
ကော်စမတ်တစ်မသုံးတတ်တဲ့
ပိုးဟပ်တစ်ကောင်ရဲ့  ရာဇ၀င်ဟာလည်း
အပျော်ကြည့်ရုပ်ရှင် သက်သက်ပဲဖြစ်လိမ့်မပေါ့။
စိတ်ရဲ့ ဂြိုဟ်တုအစင်းစင်းနဲ့ 
မျက်ခြေမပြတ်စောင့်ကြည့်ခံရတဲ့ ဒဿနတွေလို
ဟေတီငလျင်ဟာ ကိုယ်နဲ့ မဆိုင်သလိုပဲ
အစာစားနေတဲ့ခိုတစ်အုပ်ကို
သွေးအေးအေးနဲ့ ငေးနေလိုက်တယ်။
အခြေအနေအရပ်ရပ်က
မနေ့ တစ်နေ့ ကလိုပဲ၊
ချစ်ခြင်းမေတ္တာဟာ
အိမ်ခြံမြေတွေလို
တရိပ်ရိပ်ဈေးတက်လို့ ။
ခွဲစိပ်ဓါးမကိုင်ဖူးတဲ့လက်နဲ့ 
လေထုကြီးတစ်ခုလုံးကို ဆုပ်ကိုင်ထားရတယ်၊
ဒါပေမဲ့
ပုခုံးပေါ်ကလွယ်အိတ်ဟာ
လူလူသူသူမရှိလှဘူး။
ဓာတ်ကြိုးပေါ်က သေနေ့ စေ့နေတဲ့ခိုတစ်ကောင်လို
စိန်ပန်းပင်အောက်က ကဖေးဆိုင်လေးထဲ
လမင်းဖွေးဖွေးကို တစ်ရှူးစက္ကူတွေနဲ့ 
သန့် ရှင်းအောင်သုတ်လို့ ။
ကိုယ်က
အိမ်ပြန်နောက်ကျတဲ့ လူသား
ညည်းစရာသီချင်းရှားတယ်။
တပ်မတော်သားအပေါင်းသို့
3 weeks ago
9 comments:
တစ်ခုခု မန့်သွားတယ် :D
ဆောရီးပါ
ဒီကဗျာလေးကို ဇာဏီဘလော့ဂ်မှာ တင်ထားတဲ့အတွက်
နံမည်သေချာမကြည့်မိဘဲ ဇာဏီရေးတယ် ထင်ပြီး comment ပေးခဲ့မိတယ်..
ဒီအတွက် အနူးအညွှတ်တောင်းပန်ပါတယ်..
နောက်ကို သေချာကြည့်တတ်ဖို့ သတိပေးတာကျေးဇူးပါ..
နည်းနည်းလေးတော့
အင်း စိတ်တွေ တခုခုဖြစ်နေပုံပဲ
မြို့ကြီးသူ မမ ...ကိုသတိရတယ်
စိတ်တွေ လေးနေတဲ့ပုံစံနဲ့.....
စိတ်တွေ အရောင်ပြောင်းနေတယ်
စိတ်တွေအရောင်ပြောင်းနေတယ်
ယုံကြည်ပြီဆိုတဲ့နောက်တော့
ယုံကြည်ရာမှာ
ပြောစရာစကား(အလိုလို) ရှားတယ် ..။
ပန်းတစ်ပွင့်ရဲ့ ရှိုက်သံက အစ
ခံစားမိသမျှဟာ ဘဝမှာ
ကဗျာပါပဲ ..။
ခမ်းနားတဲ့ကဗျာ blog တစ်ခုပါ ..။
ကျွန်တော်လင့်ခ် ယူသွားတယ် ..။
ကောင်းသောနေ့ပါဗျာ ..။
မှတ်ချက်။
ကျွန်တော် သစ်ရွက်မဟုတ်ပါ။ သို့သော် စာတော့ရိုက်တတ်ပါသည်။ ပညာရှင်တွေကို လည်း သိတတ်သော အမြင်ရှိပါသည်။ ထို့ကြောင့် ကျွန်တော် ခင်ဗျားကို သိပါသည်။ အစဉ် လေးစားပါသည်။ ထို့အတွက် တဂ်ပါသည်။ (ဆုတောင်း)
http://netmaze.mmgenius.com
Post a Comment