ဝါးသေနတ်လေးနဲ့ 
ကမ္ဘာကြီးကို ပြန်ပေးဆွဲခဲ့သလိုမျိုးပ၊
မမှီမကမ်းမက်ခဲ့တဲ့ အိပ်မက်တွေကြား
လပြည့်ညကလေးဟာ
ကာလသားဆန်ဆန် မော်တော်ကားနံ့  နံတယ်၊
ချစ်နေခဲ့ရသူကို
ချစ်နေရသူကို
ချစ်ရသူကို
ချစ်သူကို
ကိုယ်ထူကိုယ်ထချစ်မိတဲ့အကြောင်း
ခေါင်းလောင်းလေးတွေ သိတယ်။
မပြောမပြီး၊မတီးမမြည်ဆိုသလိုပဲ
မပြီးသေးတဲ့အကြောင်းတွေ ပြန်ပြောဖြစ်ရဲ့ ။
တကယ်တော့
ကျွန်တော်ချစ်မိတဲ့ဝါကျတိုလေးထဲမှာ
မွေးစားစကားလုံးမပါခဲ့ဘူး။
Burma's Parliament Watch Part 21
2 days ago







3 comments:
nin poem tway ko nga kg tal lo htin tar p.
nga ka poem tway bar tway tot ma yay tay pay mae nin poem ka a date pal shi tal lo htin tal
>> ချစ်နေခဲ့ရသူကို
ချစ်နေရသူကို
ချစ်ရသူကို
ချစ်သူကို
ကိုယ်ထူကိုယ်ထချစ်မိတဲ့အကြောင်း
အဲဒါ အမိုက်ဆုံးပဲကွာ :D
ညီလေးရေ သေချာ တစ်လုံးချင်း တစ်ပါဒချင်းဖတ်ရတဲ့ကဗျာမျိုးမို့ အေးဆေး ဖတ်ပါတယ်..။
Post a Comment