လက်သည်းရှည်လာတဲ့ မြို့ ပြအရိပ်တွေကြား
ချွေးဒီးဒီးကျနေတဲ့ သက်ပြင်းထဲကို
နောက်ဆုံးရ ငလျင်သတင်းတွေ တိုးဝင်လာတယ်။
မီးခိုးခေါင်းတိုင်နဲ့  မလွတ်တဲ့ တောင်လေဟာ
သနပ်ခါးပါးကွက်ကြား ဓာတ်ပုံအဟောင်းလေးပေါ်ကို
နွေရာသီတစ်ခု သွန်ချပစ်ဖို့ 
ဝန်မလေးခဲ့ဘူး။
သီချင်းတစ်ပုဒ်မှ မဆိုဖြစ်လိုက်တဲ့
နွေနေ့ လည်ခင်းက
ကျွန်တော့် ဖြစ်တည်မှုကို
လွန်ခဲ့သောနှစ်များဆီ ခုတ်မောင်းပို့ လို့ ။
ကျွန်တော့်မှာ
ငယ်ချစ်ဦးလေး
မခင်အေး ဆိုတာရှိခဲ့ဖူးတယ်။
စက်ဘီးတွေစီးကြတဲ့ အညာမြို့ လေးက
စက်ဘီးမစီးတတ်တဲ့ ထီးနီနီကလေး။
တပေါင်းလဆန်း ဗေဒင်ဟောစာတမ်းတစ်ခုမှာ
မြေလတ်ဘူတာရုံလေးထဲက တိုင်ကပ်နာရီဟာ
နေ့ လည် နှစ်နာရီ၊သုံးဆယ့်ရှစ်မိနစ်မှာ ရပ်လို့ ။
နေက ပူလွန်းတယ်၊
ထီးရိပ်မခိုဖူးတဲ့ ထနောင်းပင်တွေဟာ
သနပ်ခါးပါးကွက်ကြားနဲ့  ကောင်မလေးကို
စကားစတွေ ပြောပေးနိုင်လိမ့်မယ် မထင်ဘူး။
ကံတရားရဲ့  ပွဲမှာ
ရထားသံလမ်းကြီးဟာ
ပုံပြောဆရာတစ်ယောက်ပေါ့။
မြူခြေဆိုင်းတဲ့ တောင်တန်းတွေ ကျန်ခဲ့တယ်၊
ဂျပန်စက်ဘီး အစိမ်းရောင်လေး ကျန်ခဲ့တယ်၊
ရေခမ်းနေတဲ့ ထိန်ကန်ကြီး ကျန်နေခဲ့တယ်။
ကျွန်တော့်မှာ
ငယ်ချစ်ဦးလေး
မခင်အေးဆိုတာ ရှိခဲ့ဖူးတယ်။
စက်ဘီးတွေစီးကြတဲ့ အညာမြို့ လေးမှာ
သူမက
စက်ဘီးမစီးတတ်တဲ့ သနပ်ခါးပါးကွက်ကြားလေး။
တပ်မတော်သားအပေါင်းသို့
3 weeks ago
4 comments:
ဒီကဗျာလေးဖတ်လိုက်တော့ ကိုယ်က ထွက်ခွာခဲ့ရသူ တနည်းအားဖြင့် စွန့်လိုက်လိုက်ရသူ လို့ခံစားမိတယ် ။
ြ့မို့ပြတမ်းမက်မှုအတွက် ဆုံးရှုံးခြင်းက အထပ်လိုက်...။
မိုက်သကွာ..
လွှတ်ကောင်းပဲ ;)
ကောင်းတယ်ဗျ။ စက်ဘီးမစီပဲ လမ်းအမြဲလျှောက်တတ်တဲ့ သနပ်ခါးပါးကွက်ကြားလေးနဲ့ နေတတ်တဲ့ အညာမြို့လေးက မခင်းအေး မခင်အေး မခင်အေး မခင်အေး မခင်အေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကဗျာက မဆိုးပါဘူး။ ဒါပေမယ့် တစ်ခု အကြံပေးချင်တာက ကဗျာခေါင်းစဉ်ကို ဒီတိုင်းကြီးယူသုံးတာက မသင့်တော်ဘူးလို့ထင်တယ်ဗျ။
စကားလုံးတွေက တစ်ဦးတည်းပိုင်မဟုတ်ပေမယ့်။ ဆင်ခြင်ရမယ်လို့ ယူဆမိပါတယ်။ ရှေးရှေးက ....
"နွေဦးကာလ မြူထသောခါ
ရင်းထောင် ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ဆိုတဲ့စာသားနဲ့"
"နွေဦးကာလ မြူထသောခါ"
ကဗျာက အခုထိ ကဗျာချစ်သူတွေ ရင်ထဲမှာ ရှိနေတုန်းမို့ပါ။
(တစ်ဦးတည်းပိုင်အမြင်ပါ)
Post a Comment