rss
Twitter Delicious Facebook Digg Stumbleupon Favorites
Saturday, March 27, 2010
အလွမ်းကဗျာ
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး လွမ်းနေလိုက်ရတာ
ကြိုးကြာငှက်တွေ တောင်အရပ်ကိုပြန်လာတာ မသိလိုက်ဘူး။
အနာဂတ်ဆိုတာ
မိုးကြိုးသွားပေါ် ငုတ်တုတ်လေးထိုင်ပြီး
သက်တန့် ကြီး ပြိုလာတာကို
တစ်ကိုယ်တည်းစောင့်နေရသလိုမျိုး။
တစ်ခါတစ်လေ ရန်ကုန်-ပုသိမ်ကားလမ်းမကြီး ဖြစ်ချင်တယ်၊
တစ်ခါတစ်လေကျ သော့ချိတ်အမျိုးမျိုးပြောင်းတတ်တဲ့
ငွေရောင်လက်ကိုင်ဖုန်းလေး ဖြစ်ချင်တယ်။
တောင်ပံမပါတဲ့ ရက်စွဲတွေကို
ခေါင်းအုံးအိပ်ရတာဟာ
ငါ့အတွက်တော့
သံသရာတွေ ခြားနေရသလိုပဲ။
ပြောပြချင်ပါသေးတယ်
ဒီမြစ်ကိုကျော်ရင်၊
ဒီတောင်ကိုကျော်ရင်၊
မင်းကိုငါ  ပြောပြချင်ပါသေးတယ်။
တို့ များဘ၀တွေက
မိုးရွာပြီးစ ညနေခင်းတွေလို။
ဟွန်းသံကင်းမဲ့ဇုန်ရဲ့
သနပ်ခါးပါးပါးကိုယ်သင်းနံ့ လေးရေ
ရေသန်ဘူးခွံမရှိတော့တဲ့
ကားမှတ်တိုင်လေးနံဘေးမှာ
မင်းရှိရာ ငါပြေးမလာနိုင်ခဲ့ဘူး။
ကဲ...ကြည့်
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး
လွမ်းနေလိုက်မိတာ။
3 comments:
Mg Pyone said...
မလွမ်းဘူး၊မလွမ်းဘူးဆိုပြီး
မလွမ်းဖူးသလိုမျိုး
လွမ်းနေလိုက်မိတာ။
ငါ့ကို ပြောနေသလိုလို :)))
လင်းဒီပ said...
ညီလေး မင်းကဗျာလေးတွေနဲ့ အမြဲတမ်းလိုက်လိုက်လွမ်းဖြစ်တယ်...။
ခက်နေတာ ပုသိမ်မြို့ကို မခွာဘူးနော်....
မမမြို့ကြီးသူကြီးကြောင့် ထင်ပါ့..။
ဘာပဲဖြစ်ဖြစ် မိုက်တယ်ကွာ...။:)
mirror said...
ရန်ကုန်-ပုသိမ်လမ်းမကြီးတဲ့လား...
လွမ်းစရာတွေဖြစ်အောင် လွမ်းပြနေပြန်ပြီ...။
ကျမအမေ့အိမ်က အဲ့ဒိလမ်းကသွားမှရောက်တယ်လေ.:)