rss
Twitter Delicious Facebook Digg Stumbleupon Favorites
Thursday, April 22, 2010
မနက်ဖြန်ကို ကျွန်တော်လက်ပြလိုက်တယ်
မိုးတိမ်တွေ ပြုတ်ကျလာမလားဆိုတဲ့ အတွေးနဲ့ 
ကောင်းကင်ဆီကို
ချွေးစေးပျံနေတဲ့ ရာသီဥတုအပျက်တစ်ခုနဲ့ 
စက်အင်ဂျင်မပါတဲ့ ဇင်ယော်ငှက်ကလေးတစ်ကောင်ဟာ
အသံမထွက်ဘဲ ကြိတ်ငို
အလွမ်းတေးကို သူတို့ ဆိုကြလို့ ။
အဝေးကြီးမှာ
ဟိုး ... အဝေးကြီးမှာလေ
ကြယ်ကလေးတွေကို ဒီ့ထက်ချွန်အောင်
ကျွန်တော်ကတော့
သတိတရရှိလွန်းလို့ 
သံယောဇဉ်ကို
ပိုးမွေးသလို မွေးနေလိုက်တယ်။
3 comments:
မောင်ခင်လေး said...
မွေးထား မွေးထား ကြယ်သွေးသူတစ်ယောက် အတွက် ရည်စူးပြီး :)
လင်းဒီပ said...
ကောင်းကင်ဆီ အလွမ်းတွေ မှုတ်ထုတ်လိုက်တဲ့ကဗျာဆရာ...
သူ့လို
အသဲကွဲနေတဲ့ ဇင်ယော်လေးတစ်ကောင်
(သူကိုယ်တိုင်လည်း ဖြစ်နိုင်..)
ပူလောင်ရာသီစက်ဝန်းထဲ...
ဟိုး အဝေး အဝေးမှာ ထက်မြက်ခေါင်းမာသူကလေးဟာ
ပြန်မလာဖြစ်ဘူး ။
သူကတော့ သတိတရပေါ့ ။
ရင်ခွင်ရှိန်း said...
ကောင်လေးရေ ... ။