rss
Twitter Delicious Facebook Digg Stumbleupon Favorites
Monday, April 26, 2010
၂၁ရာစုရထား
Still Life with Three Birds' Nests
 by  Vincent Vangogh
အာကာသယာဉ်မှူးဖြစ်ချင်လွန်းတဲ့ကောင်
တွေးရခေါ်ရတာ
မိုးတိမ်တွေနဲ့ မလွတ်တော့
ဒီဆံပင်ရှည်ရှည်တွေကိုပဲ လှောင်ရယ်ပစ်ချင်တယ်။
မာနတွေ တစ်ခွဲသားနဲ့ 
အသားမဲမှာလည်း မစိုးရိမ်တော့ဘူး။
အလင်းဖျော့ဖျော့မှာ
ဆိုတဲ့သီချင်း
ဟိုးငယ်ငယ်တုန်းကထနောင်းပင်လေးနံဘေးမှာ
ကျွန်တော့်နဲ့ ကျွန်တော့်သူငယ်ချင်းလေးတွေ
ကမ္ဘာ့ ကြီးအရေး မတွေးခဲ့ကြဘူး။
အခုများ
လက်ဖက်ရည်ဆိုင်ရဲ့
ညစ်ညမ်းသီချင်းသံတွေကြား
ကျွန်တော်တို့ ဟာ
အမှားကို ၀ယ်စားကြတယ်။
လူငယ်က ခေတ်ကို ဖြတ်တယ်၊
ခေတ်က လူငယ်ကို ပြန်ဖျက်တယ်။
ပြီးပြီပေါ့
ကမ္ဘာကြီးအတွက် ၊
ကုရာနတ္ထိဆေးမရှိတဲ့ ဝေးကွာခြင်းတွေအတွက် ၊
မနက်ဖြန်မှာ ၀ယ်လို့ မရတော့တဲ့ မနက်ဖြန်များအတွက်။
ရက်ရာဇာတွေထည့်ထားတဲ့
လွယ်အိတ်တစ်လုံးကိုလွယ်
ပြီးတော့
ဖိုးလမင်းပေါ်မှာ
ကျော့ကျော့လေးတက်ထိုင်နေလိုက်တော့မယ်။
3 comments:
မောင်ခင်လေး said...
ညှောင့်လည်းစူးဦးမယ်နော ကြည့်ထိုင် :))
ဇာဏီ said...
အခုများ
လက်ဖက်ရည်ဆိုင်ရဲ့ 
ညစ်ညမ်းသီချင်းသံတွေကြား
ကျွန်တော်တို့ ဟာ
အမှားကို ၀ယ်စားကြတယ်။
မှားမှန်းသိနေတာလား
(ငါမပြောတတ်ဘူး)
ဖိုးလမင်းပေါ်မှာ
ကျော့ကျော့လေးတက်ထိုင်နေလိုက်တော့မယ်။
တဲ့ မင်းပြောသလိုဆို အေးချမ်းမှာပဲ
jr said...
ဟိုနေ့က သူငယ်ချင်းတွေနဲ့ အပြင်ထွက်တယ်။ ကောင်းကင်မှာ ကြယ်မြင်တော့ ကြယ်လေးချွန်အောင်သွေးတဲ့ ကဗျာအကြောင်း၊ ပြောဖြစ်တယ်။
ဒီတပုဒ်ကျ ရိုးရိုးလေးပါပဲ .. မိုးတိမ်တဲ့ မလွတ်တဲ့ အတွေးအခေါ်ဆိုတာလေး ရင်ထဲရောက်တယ်။