rss
Twitter Delicious Facebook Digg Stumbleupon Favorites

Wednesday, April 28, 2010

ငှက်











မေမေ
အခု ကျွန်တော့်အသက် ၁၉ နှစ်
ဖိနပ်မကြာခဏပြတ်တဲ့ခေတ်ထဲမှာ
လက်ပစ်ကူးနေရပြီ။
ရပ်တည်မှုက
ဒီရေလို တက်လိုက် ကျလိုက်
အမှတ်သညာမရှိလိုက်ပုံများ
ဦးနှောက်ပျက်နေတဲ့ ပိုးဟပ်တစ်ကောင်အလားပဲ၊
အာရုံကြောထဲမှာ ရမ်းကားတတ်တဲ့စိတ်မရှိတာကလွဲလို့ 
ကျွန်တော်က ကိုယ့်ကိုယ်ကို လူမိုက်လို့ ပြန်သတ်မှတ်တယ်။
အသည်းလည်းကွဲဖူးပြီ
ဒူးလည်းပြဲဖူးပြီ
ပိုက်ဆံလည်းချေးဖူးပြီ
အကြွေးလည်းယူဖူးပြီ
ဒီနှစ်ထဲ ပုလင်းကွဲမရှဖို့ ဆုတောင်းမယ်၊
သံချေးတက်နေတဲ့ စကားလုံးတွေကြားမှာ
ရက်စွဲအသစ်ချပ်ချွတ်တွေကို
ပိုက်ဆံရေသလို ထိုင်ရေပစ်ချင်လို့ ။

5 comments:

မောင်နွေသစ် said...

နေ့သစ်တွေထဲ ပျံသန်းမယ့်ငှက်
ယုံကြည်ချက်တွေ ရိုးရိုးရဲရဲပွင့်လင်း
ရှင်သန်ခြင်းမနက်မှာ လင်းပွင့်မယ့်လက်များ
ကဗျာဆရာ..................။

mirror said...

ကဗျာဆရာ ပေါက်ကွဲပြီး)
ရမ်းကားတတ်တဲ့စိတ်မရှိတာကလွဲပြီး ကိုယ့်ကိုယ်ကို လူမိုက်လို့သတ်မှတ်ရတာ ဒီတခတ်လုံးထမ်းပိုးထားရတဲ့ လူငယ်တွေပါပဲ...။

ညီထွဋ်သီချင်းလိုပေါ့ဗျာ...။မခံနိုင်ဘူးးး....မခံနိုင်ဘူးးး...ဟူးဟူးးးးးး ခက်တယ်...း)

ဇာဏီ said...

ဝါး...ကျစ်ကျစ်လစ်လစ်ရှိလိုက်တာ

ရင်ခွင်ရှိန်း said...

း))) ယောက်ဖ ...။ ချ

မောင်မျိုး said...

ကဗျာတွေကို ကျနော်သိပ်နားမလည်တတ်ပေမယ့် ဒီက ကဗျာတွေကတော့ နားလည်ရလွယ်ပြီး ခံစားချက်တွေ တိုက်ဆိုင်တယ် ကျေးဇူး ရင်ဘတ်ချင်းတူ လူမရွေးဘူးတဲ့နော့် ဖြစ်တယ်ဟုတ် နောက်မှ လာထပ်ဖတ်အုံးမယ်ဗျ ။ အသည်းလည်းကွဲဖူးတယ် ဒူးလည်း ပြဲဖူးတယ်း)