ကျွန်တော့်မှာ
ဘာမှ ပြောစရာမရှိပါ
လာခဲ့တဲ့လမ်းက ဖမ်းလို့ မရတဲ့
တစ်ကိုယ်တည်း အရိပ်တွေနဲ့ ၊
တိတ်တိတ်လေးနေရတာလည်း
လိပ်ပြာလှပါတယ်၊
အဆင်ပြေလှတယ်လည်း မဟုတ်ပါဘူးလေ
ကိုယ့်ခြေရာကို ပြန်ကောက်နေမယ့်လူငယ်ပဲ
အသည်းကွဲမယ်၊ရေသောက်မယ်
ဒီလောက်ပါပဲ
ကျွန်တော့်မှာ ဘာမှပြောစရာမရှိလို့ မပြောတော့ဘူး။
ချစ်လှစွာသောပြည်ပြေး ( ၈ ၆ )
2 weeks ago
2 comments:
ရေထက်ကောင်းတာရှိတယ် ဖွတာ အအေး ရှိတယ်ပြောမလို့ :)
အင်း....ကျနော်လဲ
ဘာမှ..ပြောစရာမရှိပါဘူး
ကဗျာလေး..သဘောကျသဗျာ....
:P
Post a Comment