rss
Twitter Delicious Facebook Digg Stumbleupon Favorites
Sunday, May 9, 2010
ကျွန်တော့် သူငယ်ချင်းမလေးနဲ့ မိုင်ငါးဆယ်ပတ်လည်မှာ
မေလက ဖက်ရှင်ကျကျ ၀တ်စားထားတယ်
သတင်းနဲ့ နည်းပညာတွေက
ခေတ်ကြီးကို လက်နဲ့ တို့ ပြီး ငိုအောင်စလို့ 
ကျွန်တော့် သူငယ်ချင်းမလေးရဲ့ ယာဘက်နံဘေးမှာ
စံပယ်တွေ ဖွေးနေတယ်
သူမက
လရောင်ကိုသွေးပြီးလိမ်းထားတဲ့ မျက်နှာလေးနဲ့ 
ရှော့ပင်းမောလ်တွေဆီ ဈေးဝယ်ထွက်တတ်တယ်
ပြီးတော့
အငှားကားကို ဈေးဆစ်ပြီး
ရာသီဥတုက သာသာယာယာ
တစ်ခါ တစ်ခါ
တရားဒေသနာသံတွေနဲ့ ၊
ကျွန်တော့်သူငယ်ချင်းမလေးဟာ
ကိစ္စအသေးအမွှားလေးတွေက အစ
ဂရုတစိုက် ရှိလှတယ်၊
ကျွန်တော်ကလည်း ကျွန်တော်ပဲလေ
ရေတွေ ကြည်လင်နေရင်ပဲ ပျော်နေတတ်တာ၊
စာမလာ သတင်းမကြား
ဆီ၊ရေ၊လေ၊၀ိုင်၊မိုင်တိုင်အမှတ်၊မီးပွိုင့်နီနီ
လမ်းညီညီညာညာတွေဆီ မောင်းနေသလား၊
ကျွန်တော့် သူငယ်ချင်းမလေးနဲ့ မိုင်ငါးဆယ်ပတ်လည်မှာ
စာဘူးတောင်း ငှက်ကလေးတွေ
သီချင်းအေးအေးကို ဆိုလို့ 
ယနေ့ 
သူမအပါး
တိမ်လိပ်မိုးသား ကင်းစင်ပါစေ။
7 comments:
Unknown said...
နုညံ့ပုံများ ဆင်မယဉ်သာလမ်းလျှောက်နေသလားလို့ :))
Mirror said...
တလုံးချင်း..တလုံးချင်း..လုံးသွှယ်မွှေးလေးတွေ..
မြတ်မွန် said...
ဂွတ်တယ် နေ့သစ်ရေ..
သူမအပါး
တိမ်လိပ်မိုးသား ကင်းစင်ပါစေ။
သူမကောင်းကင် ကြည်လင်နေပါစေ။
Anonymous said...
ကြိုက်တယ်ဗျာ...
သိင်္ဂါကျော် said...
ကဗျာလေးက ချစ်စရာကောင်းလိုက်တာ..
ကြယ်ပန်းလူ said...
ဖတ်ရှုခံစားသွားပါကြောင်း
ကြယ်ပန်းလူ said...
ခံစားသွားပါ၏ ။