ချွတ်ထားတဲ့ ဖိနပ်ပါးပါးမှာ
သံယောဇဉ်တွေ ထားပစ်ခဲ့ချင်တယ်
ငါ့အသက်လည်း မငယ်လှတော့ဘူး။
ငါ့ကိုယ်မှာ ၀တ်ထားတာက
ဘယ်သူမှ မမြင်ရတဲ့ အညတရစာရွက်
ငါဟာ လမ်းလျှောက်တဲ့ ငှက်ကွဲ့ ။
မင်းတို့  တံခါးတွေက
ရောဂါပိုးမွှား၊အငှားကားတွေနဲ့ 
မတည့်တဲ့ အသီးတွေ စားလို့ ။
ဟေ့
ငါက လူငယ်
မ၀ယ်နိုင်တဲ့ စံပယ်တင်မှဲ့ ကလေးကို
မျက်နှာ မညိုစေချင်ဘူး။
တပ်မတော်သားအပေါင်းသို့
3 weeks ago
6 comments:
ခြ်တ္ထားတဲ့ ဖိနပ္ပါးပါးမွာ
သံယောဇဉ်တွေ ထားပစ်ခဲ့ချင်တယ်
ငါ့အသက်လည်း မငယ်လှတော့ဘူး။ မိုက်တယ်ညီရေ။
လှတယ်ညီရာ....
မ၀ယ်နိုင်တဲ့စံပယ်တင်မှဲ့ကလေး
မျက်နှာမညိုပါစေနဲ့ကွာ.......။
ဟေ့
ငါကလူငယ်
မ၀ယ်နိုင်တဲ့ စံပယ်တင်မှဲ့လေးကို
မျက်နှာ မညိုစေချင်ဘူး တဲ့း)ကြိုက်၏ ညီရေ
တော်တော် လှတဲ့ ကဗျာလေး
ညီလေးရေ ကဗျာလေးတွေ လာဖတ်ဖြစ်ပါတယ်
နည်းနည်း အလုပ်ရှုပ်နေလို့ သုတ်သုတ်သွား သုတ်သုတ်လာ ဖြစ်နေတယ် ။ လာလာတော့ ဖတ်ဖြစ်တယ် ။ carry on !!! :)
တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။
အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
Post a Comment