၄၈ ဘတ်စ်ကားတွေ တော်တော်ကြပ်တယ်
အစ္စရေးက ဘာကြောင့်များ ဂါဇာကမ်းမြှောင်ကို ပိတ်ဆို့ ထားရတာလဲ
ပစိဖိတ်ကမ်းလွန်က ယိုဖိတ်နေတဲ့ရေနံတွေကို
သုံးရက်အတွင်း အပြီးရှင်းရမယ်
ငါလည်း သူ့ ကိုသွားမကြိုဖြစ်တာကြာပြီ ဖြိုးစည်သူ။
ဒီနေ့ လိုအားလပ်ရက်မျိုးဆို
ရွှေတိဂုံဘုရားမှာ လူတွေ တော်တော်များမှာပဲ
သရဲရထားစီးရတာ ပြောသလောက်လည်း ကြောက်စရာမကောင်းပါဘူးကွာ
အခု ငါ့မှာ ဆေးလိပ်ပြာချွေဖို့ တောင် အားမရှိဘူး
သူ့ ကို ပုံတူအသစ်ရေးပေးမလို့ 
ဒါပေမယ့် သူကမလိုချင်ဘူးတဲ့။
လက်ဖက်ရည်ဆိုင်မှာ
ပဲပြုတ်နဲ့ နံပြားစားတိုင်း
ငါ့အနီးတစ်ဝိုက်မှာ သက်ပြင်းရှိုက်သံတွေကြားရတယ် ဖြိုးစည်သူ
နောက်ရာသီသစ်မှာ မန်ယူအသင်း ဖလားရဖို့ ဆုတောင်းပါရဲ့ 
လူငယ်ဆိုတော့ လွယ်လွယ်နဲ့ ဘယ်တရားရနိုင်မလဲ
ဒီနှစ်မိုးရာသီမှာ
မြေ၀ိုင်းအကနဲ့ မိုးသားမှော်မျှင်တွေ
အနော်ရထာလမ်းမကြီးပေါ် ပဲ့ကျနေတယ်။
သူနဲ့ ငါ
ခြေလှမ်းဆယ့်ငါးလှမ်းခွါပြီး လမ်းလျှောက်တယ်
ငါတို့ ကြားမှာ
ပြောစရာစကားတွေ ရှားနေပြီလား မသိဘူး
ဒီနှစ်ကမ္ဘာ့ ဖလား ဘယ်အသင်းရသွားမလဲ
ငါ စိတ်မ၀င်စားဘူးကွာ
တစ်ခါတစ်လေကျ
သင်္ချာပုစ္ဆာတွေက အဖြေမထွက်ဘူး။
ဟေ့ရောင် ဖြိုးစည်သူ
ငါသူ့ ကို ပုဝါမကူ၊ရေမရှူဘဲ ချစ်တယ်
ဘာဖြစ်သလဲ
ကမ္ဘာ့ စီးပွားရေးအကြပ်အတည်းမှာ
ငါကတော့ ရှမ်းခေါက်ဆွဲစားနေဦးမှာပဲ
သူက မကြာခင်သွားတော့မှာ
အဲ့ဒီ့အခါ
ငါ့ညရေးညတာတွေ
နေထိုင်မကောင်းဖြစ်လိမ့်ဦးမယ် ထင်ရဲ့ ။
ဖိနပ်အသစ်ဝယ်ရဦးမယ်
အီလက်ထရောနစ်ပစ္စည်းတွေကလည်း
အသစ်အသစ်တွေချည်းပဲ
မိုးထဲလေထဲ
သူဝယ်ပေးတဲ့ အညိုရောင်ဖိုင်လေး
ခဏခဏအအေးမိနေပြီ။
ငါ့အပြစ်တွေပါကွာ
အားလုံး ငါ့အပြစ်တွေချည်းပဲ
အနာဂတ်နဲ့ လွန်ဆွဲရတာ
ပျော်စရာမကောင်းဘူး ဟေ့ရောင်
မင်းတို့ ငါတို့ လူငယ်ဘ၀မှာ
အသည်းကွဲခြင်းအနုပညာဆိုတာ
ဈေးကွက်စီးပွားရေးရဲ့ မြက်ဖျာပဲ
ငါတော့ အဲ့ဒီမှာ မအိပ်ဘူး။
၄၈ ဘတ်စ်ကားကြီး
ပြည်သူ့ ရင်ပြင်ရှေ့ ကဖြတ်သွားတိုင်း
ငါ့နားထဲမှာ
ဟစ်ဇ်ဘိုလာတွေ ပစ်တဲ့သေနတ်သံတဒိုင်းဒိုင်းကြားနေရတယ်
ဘာလဲကွာ ... လူငယ်ဘ၀ဆိုတာ
ငါဖြင့်
ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ပစ်ချင်မိတယ်။
ငါတို့  တစ်ယောက်ကိုတစ်ယောက်
အချိန်မပေးနိုင်ကြဘူး
အနီးဆုံးမှာနေရပြီး
တစ်ယောက်က လေယာဉ်ပျံကြီးစီး၊
တစ်ယောက်က ဖိနပ်ပါးပါးစီး၊
သူ့ ကိုအိမ်ပြန်ပို့ ပေးခဲ့တဲ့ တစ်ညနေက
ငါ့ခေါက်ထီးလေး ကားကြိတ်ခံရတယ်။
လေယာဉ်ပျံဆိုတဲ့ အရာကြီးပေါ့ကွာ
ဈာန်ရနေတဲ့ မကောင်းဆိုးဝါး၊
လက်ဖက်ရည်ချိုစိမ့်သောက်ရတာ ခါးလာပြီ၊
ဟေ့ရောင် ဖြိုးစည်သူ
ညနေတွေ့ မယ်
ဝယ်စရာရှိတာ ၀ယ်ခဲ့။
ချစ်လှစွာသောပြည်ပြေး ( ၈ ၆ )
2 weeks ago
9 comments:
ဝယ်စရာရှိတာ ၀ယ်ခဲ့ဆိုတော့ ခွက်ပုံးကစ်မလို့ထင်တယ်
ဒီကောင်လေး မလွယ်ဘူး :JK
ဟေ့ရောင် ..
ဖြိုးစည်သူ..ငါအသည်းကွဲနေတယ်..
သောက်မယ်ကွာလို့ ပြောတာ မဟုတ်လား..
ဟီး ရမ်းဖြီးတာ..
လုပ်ညီလေးရာ ဝယ်စရာရှိတာ ဝယ်ခဲ့ပြီးရင် အစ်ကိုလည်း ဝင်ဝိုင်းလိုက်မယ်....
အဲဒီ မကောင်းဆိုးဝါးကြီးက အထီးကျန်ကွင်းကျယ်ကြီးထဲကို ထိုးထိုးဆင်းသွားလွန်းလို့ ။
မြို့ပြရဲ့ ညနေခင်းကို ခံစားသွားပါတယ်..
ဒီကဗျာဆရာကိုတော့ မချီးကျူးပဲ တကယ်မနေနိုင်ဘူး အဟုတ်ကိုပြောတာဗျာ ........။
ဖတ်ပြီး မောသွားတယ် ဖြိုးစည်သူ။ ကဗျာရှည်လို့တော့ မဟုတ်ဘူးပေါ့ကွာ။
အစဉ်အလာအတိုင်း ဖတ်ကောင်းသော ကဗျာတပုဒ်ပေါ့ ကိုနေ့သစ်..။
လေးစားခင်မင်လျက်
မယ်ရာ
dude .. let's meet up in this evening ... be ready to pay back my money ;P
ညီလေးရေ...လန်းတယ်ကွာ...
အကိုခုမှရောက်ဖြစ်တာ...
:)
Post a Comment