rss
Twitter Delicious Facebook Digg Stumbleupon Favorites

Wednesday, June 23, 2010

ကျောက်ခေတ်ပန်းချီကား

အဆင်မပြေလှတဲ့ ငါ့ရဲ့ ဝတ်စားဆင်ယင်မှုထဲ
မင်းနာမည်လေး ခဏခဏပြုတ်ကျတယ်။

ချစ်ရသူရေ
ငါတို့ မြေရဲ့  အထီးကျန်မှုက
ကြယ်ကလေးတွေအိမ်ပြန်နွမ်းလျ
မင်းမရှိတော့တဲ့ ညတစ်ညပေါ့။

မြောက်အရပ်က ကြိုးကြာတွေ
ဆက်သွယ်မှုဧရိယာပြင်ပမှာ
အစာရှာနေကြပြီ။

ဒီနှစ်ကူးရင်
မူးမြစ်ရေလျှံလိမ့်မယ်။
မင်း ပြန်လာမယ့်လမ်းမှာ
ရေဒီယိုသံလိုက်လိုင်းတွေ ပရမ်းပတာဖြစ်လို့ ။

ဒီလိုနဲ့ 
ငါတို့ တွေ
တစ်ယောက်ကိုတစ်ယောက်
ချောက်ထဲ တွန်းချခဲ့ကြဖူးတယ်။

2 comments:

မောင်ခင်လေး said...

ကျောက်ခေတ်က ဟုတ်ဟန်မတူပါဘူး
၂၁ ရာစုမှာ ပွင့်တဲ့ ပန်းချီကားပါ :))

မောင်နွေသစ် said...

လှတယ်ညီရေ...
ကဗျာလေး...ခိုက်တယ်ကွာ
:)