rss
Twitter Delicious Facebook Digg Stumbleupon Favorites
Wednesday, July 7, 2010
အသည်းကွဲတယ်ဆိုတာ ဂျိုနဲ့ လား အမေ
အဲ့ဒီနေ့ က
ဓားသွားနဲ့ တူတဲ့ ပန်ကာဒလက်တွေရဲ့
ဥသြဆွဲသံထဲ
သူမ ပျော်ပွဲစားထွက်သွားခဲ့တယ်။
လက်ဖျံရိုးတစ်လျှောက်
တိုးလျှိုပေါက်လှိုက်စားနေတဲ့ သံယောဇဉ်ထူထူမှာ
ကျွန်တော်ဟာ ကျည်ကာအင်္ကျီမပါတဲ့
လေထီးစစ်သား၊
သွေးနွေးသလောက်
အကျအပျောက်ခပ်များများရယ်။
ကြည်နူးစရာကောင်းလှတဲ့
လျှပ်တ၀င်းဝင်း
မိုးကြိုးတခြိမ်းခြိမ်းနဲ့ 
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
နှုတ်ထွက်စာတင်ခဲ့ကြတယ်။
ဘယ်လောက်ကြည်နူးစရာကောင်းလိုက်တဲ့
လမ်းခွဲလေးလဲ အမေရယ်
သူကလည်း ပန်းတစ်ပွင့်ပန်လို့ ၊
ပြုံးလို့ ၊ရွှင်လို့ ၊
အမေ့သားကလည်း
ထုံးစံအတိုင်း နှုတ်ခမ်းတွန့် တယ်ဆိုရုံလေး ခပ်ဟဟရယ်လို့ ။
အခုဆို
လူငယ်တစ်ယောက်ရဲ့
ဖိနပ်ပြတ်ဝေါဟာရထဲမှာ
လက်ဖက်ခြောက်ကောင်းကောင်းမပါတော့ဘူး။
အခုဆို
နှုတ်ခမ်းဆိုးဆေးရဲရဲနဲ့ 
ညနေခင်းအဟောင်းတွေ
ဝိုင်ယာကြိုးလို တထောင်းထောင်းပြတ်ကျ။
အခုဆို
အရင်လို
အငှားကားတွေ ဈေးပိုတောင်းကြတုန်းပဲ။
ဆံပင်ဖြောင့်ဖြောင့်လေးတွေနဲ့ 
သရဲရထားစီးခဲ့တဲ့နေ့ ကလောက်
သတိရစရာကောင်းတာ
ဘ၀မှာ ရှိမယ်မထင်ဘူး။
ပြီးခဲ့တဲ့ ဘွဲ့ ရပညာတတ်ခေတ်တစ်ခေတ်အလယ်
သူရယ်၊ကျွန်တော်ရယ်
ဆွဲခြင်းအပြာလေးရယ်၊
ခြေသံတွေ တရှပ်ရှပ်နဲ့ ။
အဲ့ဒီနေ့ က
ဓားသွားနဲ့ တူတဲ့ ပန်ကာဒလက်တွေရဲ့
ဥသြဆွဲသံထဲ
သူမ ပျော်ပွဲစားထွက်သွားခဲ့တယ်။
အသည်းကွဲတယ်ဆိုတာ
ဂျိုနဲ့ လား
အမေ။
3 comments:
Mg Pyone said...
ငါ့လူရာ.. ကွဲသွားပြန်ပလားဟ ..
ငါပြောလိုက်ပါဦးမယ် =D
လင်းခေတ်ဒီနို said...
မိုးညချမ်းတစ်ခုရဲ့ နူးညံ့လက်ဖ၀ါးပေါ်
လျှပ်တ၀င်းဝင်း
မိုးကြိုးတခြိမ်းခြိမ်းနဲ့ 
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
နှုတ်ထွက်စာတင်ခဲ့ကြတယ်။
ကောင်းလိုက်တဲ့ ကဗျာဖြစ်သလို ခံစားလိုက်ရတာလည်း နင့်နေတာပဲ နေ့သစ်း)
ကဗျာကောင်းလေးတွေ မျှော်နေဦးမယ်
ခင်မင်စွာဖြင့်
ဗညားရှိန်
မြတ်မွန် said...
ဟိုအရင်က အချိန်တွေကို ပြန်တမ်းတနေတယ်ထင်ပါ့..။