rss
Twitter Delicious Facebook Digg Stumbleupon Favorites

Sunday, September 26, 2010

ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာတယ်





တနင်္ဂနွေကို ကျောပေးထိုင်နေတဲ့ ဓာတ်တိုင်
ညဟာ သူ့လက်သည်းခြေသည်းတွေကို ညှပ်ထားတယ် ။

ရုတ်တရက် ရီဝေမှိုင်တွေသွားခြင်းရဲ့ နောက်ကွယ်မှာ
ဖယောင်းတိုင်ဟာ တငွေ့ငွေ့၊
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာပြီ။

ဂျင်းဘောင်းဘီ၊ရော့ခ်သီချင်းတွေနဲ့
ပလက်ဖောင်းကို တံတွေးတစ်ချက်ထွေးပစ်ပြီးတဲ့နောက်
ရန်ကုန်မြစ်ကြီး အေးခဲသွားတယ်။

ဖွင့်ချလိုက်တဲ့ စိတ်ကြွရူးသွပ်ခြင်းမှာ
အမှတ်(၂) လမ်းမကြီးဟာ အတိုင်းသား ။

အဲဒီနေ့ကဆံပင်ဖြတ်လိုက်တယ်
ဆေးလိပ်ဖြတ်လိုက်တယ်
တစ်လက်စတည်း သံယောဇဉ်ပါဖြတ်လိုက်တယ် ။

2 comments:

မိုးယံ said...

ဆံပင်နဲ့ ဆေးလိပ်ကို သံယောဇဉ်နဲ့ ရောဖြတ်လိုက်မှ ငြိမ်းချမ်းသွာမယ်ထင်ပဲ။
ဆေးလိပ်လို အသက်ကိုပါ ဒုက္ခပေးမယ့် ဆံပင်လို သံယောဇဉ်အမျှင်လေးကို ထောက်ခနဲ ဖြတ်လိုက်တာနဲ့။ လွတ်လပ်ခြင်း ကောင်းကင်မှာ ငြိမ်းချမ်းစွာ ပျံသန်းနိုင်စေသား။

Anonymous said...

how are you!This was a really terrific Topics!
I come from china, I was fortunate to discover your topic in yahoo
Also I learn a lot in your subject really thank your very much i will come again