rss
Twitter Delicious Facebook Digg Stumbleupon Favorites

Tuesday, October 5, 2010

မကြည်ဖြူ

ကျုပ်က လူငယ်ပီပီ
ရန်ကုန်မြို့ ကြီးကို မကြာခဏခလုတ်တိုက်တယ်။

ကိုယ့်ကိုယ်ကို လူမိုက်လို့ 
သတင်းစာထဲ ထည့်ကြော်ငြာခဲ့တုန်းက
ယုံကြည်ချက်ဟာ တော်လှန်ရေးမီးရထား။

တစ်ဘ၀လုံး သတင်းအမှားတွေချည်းပဲ ရတယ်
ဇော်ဝင်းထွဋ်ရဲ့  ဂျစ်ပစီမိုးတိမ်ဟာ မျက်နှာကျက်မှာ တ၀ီဝီလည်လို့ ၊
အဆင်မပြေဘူး။

အဖြူရောင်တီရှပ်လေးပေါ်က ရှုံးနိမ့်မှုထဲ
အချစ်ဟာ ဟိုအရင်ခေတ်အဆက်ဆက်ကအတိုင်း၊
မကြည်ဖြူ ပေါ့။

ခင်ဗျားက မော်တော်ကားယဉ်ကျေးမှု
ကျုပ်က ထင်းရှူးပင်၊
လူသားနှစ်ဦးရဲ့ တွေ့ ဆုံ ယုံကြည်မှုခဏမှာ
ဘ၀ကို နေရောင်တွေပေကျံနေခဲ့တယ်။

အခု ဖိနပ်တွေအိမ်ပြန်သွားကြပြီ
မကြည်ဖြူ။

 

3 comments:

ညီဇံလှ said...

လူသားနှစ်ဦးရဲ့ တွေ့ ဆုံ ယုံကြည်မှုခဏမှာ
ဘ၀ကို နေရောင်တွေပေကျံနေခဲ့တယ်။...
....
လေးစားပါတယ်ဗျာ...

သိင်္ဂါကျော် said...

သိပ်တော့ နားမလည်ဘူး..
ဖတ်လို့တော့ ကောင်းတယ်.. :)

jr said...

ဒီတခါတော့မကြည့်ဖြူပေါ့နော် bro ..
ကဗျာလေးတွေလာလာဖတ်ပါတယ်..

ခင်မင်လျှက်