rss
Twitter Delicious Facebook Digg Stumbleupon Favorites
Sunday, January 31, 2010
မိုးခေါင်ရေရှားရပ်ဝန်း
နားပေါက်ဖေါက်ထားတဲ့ ဒီခေတ်ယဉ်ကျေးမှု
နေမ၀င်မိန်းမပျိုရဲ့  မဟာဆန်မှုနဲ့ 
သက္ကရာဇ် ၂၀၁၀ က
အာကာသထဲမှာ လက်ပစ်ကူးလို့ ။
ကိုယ်က လူငယ်
လုံခြုံရေး ချို့ တဲ့တယ်၊
သံသရာက မလွတ်မြောက်ချင်ဘူး။
တစ်ယောက်သောသူအတွက် အတွေးက
ရန်ကုန်-မန္တလေးလမ်းမကြီးလို
ရှည်လျားလွန်းတယ်။
ကြာခဲ့ပါပြီ
ကျပျောက်သွားတဲ့ထီးကလေးကို
မီးတောင်အ၀မှာ ရှာလို့ မရခဲ့တာ၊
ဒီလိုနဲ့ ပဲ
နက္ခတ်မှားတဲ့ ညတိုင်း
ပြက္ခဒိန်အဟောင်းထဲ ဒိုင်ဗင်ထိုးဆင်းချမိတယ်။
အဲဒီတုန်းအခါကပေါ့
မှောင်ရိပ်ထဲက ရှက်ပြုံးလေးဟာ
ပြူတင်းတံခါးတွေ တက်ကုန်ရွက်ကုန်ဖွင့်ပြီး
အစိမ်းသက်သက် လှလို့ ။
Thursday, January 28, 2010
ကိုယ်တို့ မြို့ မှာ ထနောင်းပင်ပေါတယ်
ငါ့နောက်ကို တကောက်ကောက်လိုက်နေတဲ့
ငါ့အရိပ်ရေ
အားနာပါရဲ့
မင်းကို မှဲ့ တစ်ပေါက်မစွန်းဖို့ 
ငါ အာမ မခံနိုင်ဘူး။
ချစ်သူက သောကြာနံပါတဲ့စကားတွေပြောတယ်
ဂျင်းဘောင်းဘီကို ဖြစ်ကတတ်ဆန်းဝတ်တတ်တဲ့
လူယဉ်ကျေးအချို့
သူတို့ ဆံပင်ရှည်တွေကို သပ်တင်နေကြစဉ်
စိတ်လေနေတဲ့ ဦးထုပ်ကလေးတစ်လုံးက
စကားလုံးတွေ ထိုးအန်ကျလာတယ်။
ခေါင်းအုံးထဲကို
ကျည်အပြည့်ဖြည့်ပြီးပြီ၊
ထန်းရည်မသောက်တတ်တဲ့ ထန်းပင်တွေက
အကြွေးဝယ်ထားတဲ့ဆေးပေါ့လိပ်တိုကို ခဲလို့ 
တကယ်တော့
အလွမ်းဆိုတာ
ကမ္ဘာ့ အင်အားအပြင်းဆုံးငလျင်ပဲ။
ထနောင်းပင်ပေါတယ်၊
အသည်းကွဲယဉ်ကျေးမှု ထွန်းကားတယ်၊
တစ်နှစ်ပတ်လုံး မိုးမရွာဘူး။
Monday, January 25, 2010
ပန်းချီကားညများ-၁
အခုရက်ပိုင်း
ကိုယ့်မှာ ဘာသာရေးမကိုင်းရှိုင်းဖြစ်ဘူး
အိပ်မက်လို့  နာမည်တပ်ထားတဲ့
နူကလီယားဗုံးတွေပဲ ပါးစပ်ထဲမှာ ငုံထားရတယ်။
သူမနာမည်က မြန်မာလိုပေါင်းရတာ ခက်တယ်
သူမစကားသံက
လူကို ဓာတ်လိုက်တယ်။
လမ်းမီးတိုင်တွေ အိပ်ငိုက်နေတဲ့ည
လူသားနှစ်ဦးရဲ့  ဆုံတွေ့ မှုခဏမှာ
နှုတ်မရတဲ့ သစ်ပင်တွေက
လျှပ်စစ်ဓာတ်အား ပြည့်ဝလို့ ။
သူမက လေကိုဆန်၊ပျံနေတဲ့ ငှက်ကလေး
ကိုယ်က
ရေစုန်မှာ ပက်လက်မျောတဲ့ငါး
အားနည်းချက်က ခပ်များများရယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တော့
ဝတ်စရာ စကားလုံးလှလှလေးတွေ
ရှာလို့ မရခဲ့ဘူး
အဲဒီ့ညကစလို့  သူမကို ကိုးကွယ်လိုက်တယ်။
သူမနာမည်လေး အခိုးခံရမှာစိုးလို့ 
အိပ်စက်ခြင်းကနေပင်စင်ယူခဲ့တဲ့ကိုယ်
 ခုဆို  မိုးလင်းတာတောင် တရားမနာဖြစ်တော့ဘူး။
၂၀၁၀၊ဇန်န၀ါရီလ၊အမှတ်မထင်ည
သူမအရိပ်က ကောက်ကြောင်းလှတယ်
ကိုယ်ကတော့
ကားဟွန်းသံကြားရင်
လမ်းဖယ်ပေးနေတတ်တုန်း။
Saturday, January 16, 2010
မမမြို့ကြီးသူ
လှည်းယာဉ်ကလေးစီး
ထီးနီနီလေးဆောင်းပြီး
ခေါင်းမဖြီးဘဲ လှနေတဲ့ မမ။
ကိစ္စမရှိဘူး
ကြယ်သုံးလေးပွင့်လောက် ဆွဲခူး
အိပ်မက်အထွေအထူးတွေနဲ့ 
ကျွန်တော့်ဖာသာရူးတာ။
မမ
သနပ်ခါးပန်းလေးပန်
ညဥ့်ယံမှာလည်း
မွှေးတယ်။
မမ
ပုထုဇဉ်မမ
လူဝတ်ကြောင်နဲ့ လှတယ်။
မမဟာ
စံပယ်ဖြူဖြူ
ကံကော်ဖြူဖြူ
စံကားပန်းဖြူဖြူ။
မမဟာ
ကျွန်တော့် မျက်ကြည်လွှာ
မမဟာ
ကျွန်တော့် လက်ဗွေရာ။
ကျွန်တော့် နံဘေးက
မမအကြောင်းပဲ ကျွန်တော် တွေးမိပေါ့။
မမအပြုံးကိုရတဲ့နေ့ ကစလို့ 
အမှောင့်ပယောဂတွေနဲ့ 
တရေးနိုးတိုင်း
ကျွန်တော် ထထကတယ်။
မမ မျက်စောင်းက
အကြောင်းသုံးပါးမရွေး
ကျွန်တော့်မှာ
ပုံပြင်သေးသေးလေးတွေထဲ
ပြုတ်ပြုတ်ကျရ။
ကျွန်တော်က ကျေးတောသား
မတရားတာတော့ အမှန်ပဲ။
မမခြေတစ်လှမ်းအရွေ့
ကမ္ဘာ့ ဘဏ်ထဲက ကုဋေတစ်သန်း
မမက ဒေါက်မြင့် ဖိနပ်စီးတဲ့အခါ
ကျွန်တော်က တာယာဖိနပ်စီးတယ်၊
မမက ကိုယ့်ကားကိုယ်မောင်းသွားတဲ့အခါ
ကျွန်တော်က သူများနွားကျောင်းရတယ်။
မမ
မမဟာ
ကိုလွှမ်းမိုးသီချင်းထဲက
ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ။
မမဟာ
ဆရာအောင်ခြိမ့်ရဲ့ ဂန္တ၀င်မမ။
လောကများရဲ့ ကောင်းမြတ်ခြင်းတရား
မမ ဖ၀ါးမှာကပ်တွယ်နေပါလား။
ကျွန်တော်ဆိုတာက
ငရဲကျမှာထက်
မမ မုန်းမှာကို ပိုကြောက်တဲ့ သွေးနွေးသတ္တ၀ါ။
မမ ပြုံးရင်
သလင်းကျောက်သား၊
စကားမဲ့ ရေအိုးစင်၊
အမေ့ ပုံပြင်ထဲက နတ်သမီး၊
မမ ဟာ ကျွန်တော်မပိုင်တဲ့ ထီးကလေးဖြစ်တယ်။
ကျွန်တော်က နွားကျောင်းသား
မြက်ခင်းစိမ်းကို ချစ်တယ်။
မမက စစ်ဘုရင်မ
မြင့်မိုရ်တောင်ထိပ်က
အလံဖြူကို ရသွားခဲ့သူ။
စစ်မြင်းတွေမောင်း
တံပိုးခရာတွေ တထောင်းထောင်းနဲ့ 
အရှင်လတ်လတ် ဘ၀ပြောင်းရပေါ့။
မမက
မြန်မာလို ယဉ်တယ်၊
အင်္ဂလိပ်လို လှတယ်။
မြစ်ရေကြီးမယ့် နောင်နှစ်များ
မမ ဟောမယ့်တရား
ကျွန်တော် နာမယ်။
နောင်နစ်များစွာ
နောင်နှစ်များစွာ
ကျွန်တော့် မမ
ဒီလိုလေးပဲ
လှနေပါစေ။
ဤကမ္ဘာမြေ
ဤကမ္ဘာရေ
ဤကမ္ဘာလေ
မမပဲ ပိုင်ဆိုင်စေ။
တိုက်ပုံမ၀တ်တတ်ဘူး
ဖိနပ်ပါးပါးပဲ စီးတယ်
ကားမှန်မှာတော့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ဖူးတယ်
ဒီလိုပဲ ကျွန်တော်က
ပေါ့ပါးတယ်။
ကျွန်တော့် ရုပ်ပုံကားချပ်
အင်္ဂလိပ်လို မပြောတတ်လို့ 
ကော်ဖီမသောက်ဘူး
........ ..........
မမ ရယ်တယ်။
မမ
ကျွန်တော့်ကလေးဘ၀က
ကျောင်းအင်္ကျီအဖြူလေး
ကွမ်းသွေးတွေ စွန်းပေ
အမေ့မလည်း  မျက်ရည်ဝေရတယ်။
ကျွန်တော်
မမကို ချစ်တာ
ပုဒ်မအပေါင်းနဲ့  ငြိစွန်းခဲ့ရ။
မမ  မစီးတဲ့ ဖိနပ်အဟောင်းလေး
ကျွန်တော်ငေးကြည့်နေမယ်။
မမ လျှောက်ခဲ့တဲ့ လမ်းတကာ
ကျွန်တော့်သွေးတွေ လဲ့ဖြာစေမယ်။
မမ
ကချေသည်ဘ၀နဲ့ 
ကျွန်တော်  ကပြပါ့မယ်။
နားဆင်လော့
ရှုလော့
ခံစားလော့။
Wednesday, January 13, 2010
ဝိုင်နီ
ရက်စက်သော ကြင်နာမှုတစ်ခု အကြောင်းကို ကျွန်တော်က မည်သူနှင့်မှ မဆွေးနွေးချင်တော့ပါ။ချစ်၍ပြောသော ၀ါကျများကိုလည်း ဆုံးအောင် မဖတ်ချင်ပါ။
ကျွန်တော့်ဘ၀မှာ ကြတ်ခြေခတ်တွေများခဲ့ပြီ။ ထိုကြတ်ခြေခတ်များသည် အနီရောင်လား၊အပြာရောင်လား ကျွန်တော် မမှတ်မိတော့။ သေချာသည်ကတော့ အဖြူရောင် မဟုတ်ခြင်းပင်။
ဘ၀ဧ။် လှပသော တစ်ချို့ ရည်မှန်းချက်များသည် ၀န်စတန်ချာချီဧ။် နှုတ်ခမ်းမွှေးကဲ့သို့  ရယ်စရာကောင်းလှသည်။ရည်မှန်းချက်အား ရယ်စရာအဖြစ် သတ်မှတ်သဖြင့် ကျွန်တော့်အား ရူးနေသည်ဟု ပြောလျှင် ငြင်းဆန်ပါမည်။ အဘယ့်ကြောင့်ဆိုသော် ရည်မှန်းချက်ဟူသည် လူတစ်ယောက်အတွက် ၀န်ထုပ်ဝန်ပိုးမဟုတ်သောကြောင့်ဖြစ်သည်။
ကျွန်တော်က သနပ်ခါးပင်များကို ချစ်သည်။နှင်းဆီကို မုန်းသည်။ကော်ဖီတစ်ခွက်ကို တစ်နာရီကြာအောင် သောက်သည်။ ထို့ နောက် လမ်းလျှောက်ပါသည်။ထိုသို့ ဖြင့် နားခိုရာ တစ်နေရာတွင် သူမဧ။် အပြုံးများနှင့် ခလုတ်တိုက်မိခဲ့ဧ။်။
သူမဧ။် နာမည်မှာ နော်စုစန္ဒာအေး ဖြစ်သည်ဟု ခင်ဗျားတို့ အား ပြောမပြတော့ပါ။သူမနှင့် ကျွန်တော်တို့ သည် ညနေခင်းဧ။် တိတ်ဆိတ်သော လမ်းမထက် အတူလျှောက်ခဲ့ဖူးဧ။်။ရုပ်ရှင်ရုံထဲတွင် သူမဧ။် ပုခုံးပေါ်တွင်မှီပြီး ကျွန်တော် အိပ်ငိုက်ခဲ့ဖူးဧ။်။ ကျွန်တော့်ကဗျာများအား ဖတ်ရင်းနှင့်လည်း သူမက သမ်းဝေဖူးဧ။်။ အကောင်အထည်မပြနိုင်သော အနမ်းတို့ နှင့် အိပ်မက်များလည်း လှပခဲ့ဖူးဧ။်။
အတိတ်သည် လူတစ်ချို့ အတွက် အလွန်တန်ဖိုးကြီးလှသော ၀ိုင်တစ်လုံးနှင့်တူပါသည်။သို့ သော် ကျွန်တော့်အတွက်မူ ပြန်လည်တူးဖေါ်ရန် မသင့်သော သင်္ချိုင်းဂူတစ်လုံးပင်ဖြစ်ပါသည်။ အတိတ်ဧ။် လှပသော အိပ်မက်များကို ကျွန်တော်ကမေ့ပစ်ခဲ့ဧ။်။ ထိုသို့ ဖြင့် သူမအား ပိုမိုသတိရလာတော့သည်။ကျွန်တော်လုပ်နိုင်သမျှအားလုံးကို လုပ်ခဲ့ခြင်းဖြစ်သည်။ထို့ ကြောင့်လုံလောက်ပါသည်။
ယုံကြည်ရာကို နောက်မတွန့် ဘဲ လုပ်တတ်သူများတွင် ကျွန်တော့် သူငယ်ချင်းမျိုးမင်းထိုက်ပါဝင်ပါသည်။စာအုပ်ဆိုင်မှ စာအုပ်တို့ ကို ပြန်မအပ်လျှင် အပိုင်ရမည်ဟု ယုံကြည်သဖြင့် စာအုပ်ငှားပြီးနောက် ထိုဆိုင်ဘက်သို့ နောက်တစ်ကြိမ်ခြေဦးမလှည့်တော့ပေ။
မျိုးမင်းထိုက်သည် သူယုံကြည်ရာကို ယုံကြည်စွာ လုပ်ခဲ့ဧ။်။ကျွန်တော်သည် လည်း မိမိယုံကြည်ရာကို လုပ်ခဲ့ခြင်းဖြစ်သည်။သို့ သော် တစ်ခါတစ်ရံ ကံကြမ္မာသည် အရက်သောက်တတ်ခါစ လူငယ်လေးတစ်ယောက်ကဲ့သို့  ထိန်းချူပ်ရန်ခက်လှဧ။်။ယုံကြည်မှုဟူသည် နေရောင်၊လရောင်တို့  ရောနှောမနေသည်ကတော့ သေချာသည်။ကျွန်တော်က နော်စုအား ဂျာမန်ဗိုလ်ချူပ်ကြီး ဖရောရွမ်းမဲလ် အကြောင်းကို ပြောပြနေချိန်တွင် မျိုးမင်းတိုက်က သူ့ အမေဆီမှ ခိုးယူထားသည့်ပိုက်ဆံဖြင့် ၀ယ်ထားသော ၀ီစကီ ပုလင်းအား မည်သို့ မည်ပုံ ထိမ်းသိမ်းရန် စဉ်းစားနေပေလိမ့်မည်။
အနာဂတ်သည် ဘာအက္ခရာမှ ရေးထိုးမထားသည့် စာရွက်လွတ်များမဟုတ်သည့်အကြောင်းကို ကဗျာတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးသည်။အချစ်အကြောင်းကို ဓမ္မဓိဌာန်ကျကျ ငြင်းခုံကြမည်ဆိုလျှင် ကျွန်တော်သည် ကမ္ဘာ့ အတော်ဆုံး ရှေ့ နေတစ်ယောက်ဖြစ်နေပေလိမ့်မည်။မည်သို့ ဆိုစေ ငြင်းခုံခြင်းသည် မျိုးမင်းထိုက်အတွက်မူ ၀ီစကီတစ်ပုလင်းလောက်အရေးမကြီးပေ။
မျိုးမင်းထိုက်က ၀ီစကီပုလင်းကို ချစ်သလို ကျွန်တော်က နော်စု ကို ချစ်ခဲ့ဧ။်။သို့ သော် အမှန်တရားဧ။်နောက်ကွယ်တွင် သိုဝှက်ထားသော စီရင်ချက်များအကြောင်းကို ကျွန်တော့်အား ပြောပြရန် နော်စုက ၀န်လေးခဲ့သည်။ထိုအကြောင်းပြချက်တစ်ခုတည်းနှင့် အိုင်စတိုင်းဧ။် ပုစ္ဆာအားလုံးကို ကျွန်တော်က လစ်လျူရှုခဲ့သည်။
မနေ့ က ငလျင်လှုပ်ပါသည်။ယနေ့  မီးမလာပါ။နေမသာသော တစ်နေ့ ကဖြစ်မည်ထင်ပါသည်။ မင်ဒဲလားဧ။် အထ္တုပတ္တိကို ကျွန်တော် ဖတ်ရှုနေချိန်တွင် နော်စုက ကျွန်တော်နှင့် ဝေးရာသို့  ထွက်သွားခဲ့ဧ။်။ထို့အတွက် နော်စုမှာ အပြစ်မရှိသလို မင်ဒဲလားမှာလည်း အပြစ်မရှိပေ။
ကျွန်တော်က တာရာမင်းဝေဧ။် `နှင်းလူ´အမည်ရှိကဗျာကို ကြိုက်သည်။နော်စုကမူ စိုင်းစိုင်းခမ်းလှိုင်ဧ။် `၀မ်းနည်းမှတ်တမ်း´ ကို ကြိုက်ပါသည်။(မျိုးမင်းထိုက်ကမူ ၀ီစကီကြိုက်ပါသည်)ကျွန်တော် မနက်ဖြန်စာမေးပွဲ ဖြေရမည်။လူသားတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်ကို ကျွန်တော်သိထားခဲ့သည်မှာ ကြာပါပြီ။
မနေ့ က မာလွန်ဘရန်ဒိုဧ။် ဇာတ်ကားဟောင်းတစ်ကားကို ပြန်ကြည့်ခဲ့သည်။မိန်းကလေးတစ်ယောက်ကို ချစ်ရခြင်းသည် ဖိနပ်ပါးပါး တစ်ရံကို စီးရသလိုမျိုး သက်တောင့် သက်သာ မရှိလှပေ။ကျွန်တော့် အဝေးသို့  သူမထွက်သွားချိန်တွင် ကျွန်တော်က တိတ်ဆိတ်စွာ နောက်ဆုတ်ပေးခဲ့ပါသည်။ထို့ ထက်ပိုပြီး ကျွန်တော်မစွမ်းဆောင်နိုင်ခဲ့ပါ။ချစ်ခြင်းမေတ္တာဧ။် နက်နဲသော စေစားချက်တို့ ကို သူမနှင့်အတူရှာဖွေရန် ကျွန်တော်က အိပ်မက်ခဲ့သည်။သို့ သော် ထိုအိပ်မက်များကိုလှန့် နှိုးကာ ဘ၀ဧ။် ယုတ္တိဆန်မှုများကို သူမက ကျွန်တော့်အား ပြသပေးခဲ့ဧ။်။ကျေးဇူးတင်ထိုက်သူကို ကျေဇူးတင်ခြင်းသည် မင်္ဂလာတစ်ပါးမည်ပေသည်။ထို့ ကြောင့် သူမကို ကျွန်တော် ကျေးဇူးတင်ပါသည်။
ယနေ့ မနက်လည်း လမ်းများထက်တွင် ကားများ ဆူညံစွာမောင်းနေကြသည်။ ဆံပင်ကို နောက်တွင် တစောင်းစည်းကာ ဂျင်းဘောင်းဘီ အမြဲဝတ်သောအသားဖြူဖြူ ကောင်မလေးတစ်ယောက်ကို မတိုက်ဆိုက်စွာ သတိရမိသည်။မေတ္တာ တရားသည်အလွန်ဆန်းကြယ်သည်ဟု နောက်တစ်ကြိမ် မပြောချင်တော့ပါ။
ရူပဗေဒပုစ္ဆာတစ်ပုဒ်ကို အဖြေမရ ရအောင်စဉ်းစားရန် ကျွန်တော့်မှာ အစီအစဉ်မရှိပါ။စတီဖင်ဟော့ကင်းဧ။် မွေးနေ့ တွင် တစ်နေကုန်အိပ်ရန်လည်း မကြိုးစား ချင်တော့ပါ။အချိန်တွေ အများကြီးကျန်ပါသေးသည်။ပိတောက်ပန်းများလည်း မပွင့်သေးပါ။
အီရန်နှင့်အစ္စရေး တို့ ကြားတွင် မည်သူ့ ဘက်ကနေရမည်လဲ ကျွန်တော်တွေးကြည့်သည်။ တခါတရံ မဆိုင်တာတွေလုပ်ရင်းနှင့် ထိုအရာများသည် ဆိုင်သလို ဖြစ်သွားတတ်ကြသည်။နော်စုဧ။် ဆံပင်ရှည်များနှင့် ရှင်းသန့် သော အနမ်းအချို့ အား ကျွန်တော်နှင့် ယခု မဆိုင်တော့ဘူးဟု ခင်ဗျားတို့ အား မယူဆစေချင်ပါ။(မျိုးမင်းထိုင်ဧ။် ၀ီစကီပုလင်းအား သူ့ အိမ်မှတွေ့ သွားသည်ကိစ္စသည် မျိုးမင်းထိုက်နှင့်သာ ဆိုင်ပါသည်။)
နော်စုက ကျွန်တော့်အား ချစ်သည်ဟု အခါခါပြောရင်းနှင့် ကျွန်တော်တို့  ဝေးခဲ့ကြဧ။်။တစ်ချို့ကိစ္စများသည် ခိုင်လုံသော အကြောင်းပြချက်ရှိရန် မလို ဟု ကျွန်တော်ထင်ပါသည်။
ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေသော သူမက ကျွန်တော့်အား ဘင်အက်ဖ်လက်ခ် နှင့်တူသည်ဟု ပြောခဲ့ဖူးသည်။ထိုစဉ်က ကျွန်တော်ရယ်မောခဲ့သည်ကို မှတ်မိပါသေးသည်။ယခုမူ ဘင်အက်ဖ်လက်ခ် သည်လည်းကောင်း၊ သူမအားကြိုက်နေသော တခြားကောင်လေးများသည်လည်းကောင်း ကျွန်တော်နှင့်လုံးဝ(လုံးဝ) မဆိုင်တော့ပေ။
လောကကြီးကိုအကောင်းမြင်တတ်ရန် ကျွန်တော်အများကြီးလေ့လာ သင်ယူရပါဦးမည်။ရုတ်တရက် ပြောင်းလဲတတ်သော နိယာမကို တည်တံ့စွာ လက်ခံနိုင်အောင် ကျွန်တော်ကြိုးစားနေပါသည်။တစ်နေ့ နေ့ တွင် ဗင်းနစ်မြို့ သို့  မရောက် ရောက်အောင်ကျွန်တော်သွားပါမည်။ဒါဗင်ချီနှင့် ဗန်ဂိုးတို့ ဧ။် ပန်းချီကားများကိုကြည့်ရင်းနှင့် နော်စုဧ။် အာရှဆန်သော မျက်ဝန်းများကို သတိရမိပေလိမ့်မည်။ ထိုမှအပြန် မျိုးမင်းထိုက်အတွက် အီတလီထုတ် အကောင်းစား ၀ိုင်တစ်ပုလင်း လက်ဆောင်ဝယ်ခဲ့ပါမည်။
ကျွန်တော့်အား ရူးနေသည်ဟု ခင်ဗျားတို့ လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိသည်။ထို့ အတူ ကျွန်တော်ကလည်း လွတ်လပ်စွာ ရူးပိုင်ခွင့်ရှိပါသည်။
ထို့ သို့ ဖြင့် ဘ၀သည် ချိုအီမွှေးမြသော အနီရောင်ဝိုင်တစ်ခွက်နှင့် ခပ်ဆင်ဆင်တူလာပါတော့သည်။
(၁၉.၇.၂၀၀၇)
Sunday, January 10, 2010
ပွဲတော်ညက မိန်းကလေး
အ၀ါရောင် အင်္ကျီလေးဝတ်လို့ 
အ၀ါရောင်လို လှတဲ့ ကလေးမ
မနေ့ ညက ငါ့လခြမ်းသေးသေးလေးကို ခိုးသွားတယ်။
ဆံပင်ရှည်တွေ လေမှာလွင့်
ပွဲတော်ဈေးက
မင်းကလေး ခြေတစ်လှမ်းအရွေ့
ငါ့မှာ မေ့လဲသွားမတတ်။
ကလီယိုပက်ထရာ
မာရီလင်မွန်ရိုး
မင်းကလေးအလှမျိုးကို မီပါ့မလား၊
ဖြူရှင်းပြောင်ဝင်းတဲ့
နဖူးပြင်ဖွေးဖွေးလေးဟာ
ဟစ်တလာလက်နက်ချသွားခဲ့ရာ နေရာ။
သွယ်မြ လှပတဲ့
နှာတံစင်းစင်းလေးမှာလည်း
ဒစ်ကာဗာရီအာကာသ လွန်းပျံယာဉ်ကြီး လမ်းချော်ပျက်ကျခဲ့ရ။
ဒင်းကလေးကြောင့်
မေတ္တာသုတ်ကိုလည်း
အဆုံးထိ ငါအလွတ်ရခဲ့ပေါ့။
မျက်လုံးလေးတွေအရည်လဲ့
ငါ့ညတွေကို ဖဲ့ဖဲ့ခြွေနေတာ
သမင်မျက်လုံးဆိုတာ ဒါမျိုးထင်ပါ့။
ပွဲတော်ညက မိန်းကလေးရေ
ဆိုင်းသံ၊ဒိုးသံ ခြိမ့်ခြိမ့်ညံလို့ 
အမိန့် သံတွေ ငါနာခဲ့ရပြီ။
အမေရေ
ဒီတိုက်ပွဲမှာ
ကျွန်တော် ကျခဲ့ရပေါ့။
ကိုယ့်အလံကိုလှဲ
မြေစိုင်ခဲတွေ ကွဲအက်သွားတယ်။
သူကလေး ပါးပြင်မှာ
စံပယ်လေးရုံပွင့်လို့ ။
သူကလေး နှုတ်ခမ်းမှာ
ကာလယန္တရားကြီး လမ်းပျောက်။
ထီးပြိုင်နန်းပြိုင်ဥသြသံတွေနဲ့ 
ငါ့မှာ ...
ကြယ်တွေလတွေကြား
ခရီးထွက်ခဲ့ရပေါ့။
Thursday, January 7, 2010
ရှင်းတမ်း
ရာသီဥတုက
ကိုယ့်ဘက်မှာ မရှိဘူး
ပင်လယ်ထဲသွားပုန်းနေတာတောင်
တောမီး လာဟပ်တယ်
ငါရောက်နေတာ အိုင်စတိုင်းခေတ်
စစ်မက်ရေးရာ အနည်းအကျဉ်းရှိမယ်။
သုညတစ်လုံးရဲ့ မွေးနေ့ မွေးနံကို
လူတကာကို ငါလိုက်ပြောဖြစ်ရဲ့
(မျက်စိတစ်ဖက်လပ် သုညတစ်လုံးပါ)
ဒီနှစ်ပွဲတော်မှာလည်း ငါ့အတွက် နေရာထိုင်ခင်းမရပြန်ဘူး
မျက်ရည်ကျမိတာကလွဲလို့  မငိုခဲ့။
ရင်ဝမှာ လှံအစင်းစင်းလာစိုက်တယ်
မြင့်မိုရ်တောင်ဖြစ်ဖို့ မကြိုးစားချင်ဘူး
တိမ်တွေလို အသက်ရှူရတာ ရေမွှန်းတယ်
လူအဖြစ်ဆိုတာ
ကျောပိုးအိတ်သာမပါရင် အခွံချည်းပဲ။
ဟစ်တလာလိုပဲ ငါနေတော့မယ်၊
ထောင်ချောက်တွေဆီ ဦးလှည့်လို့ 
လက်ထဲမှာ ဗို့ အားတစ်သိန်းအပြည့်
မြင်းခွါတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေမယ်။
Wednesday, January 6, 2010
မုတ်သုံမြို့ ရဲ့ သတို့ သမီး
ပဟေဠိတွေ ခေါင်းမှာပန်ပြီး
အနန္တကြီးတစ်ခုလုံးကို ၀တ်ဆင်ထားတဲ့ မိန်းမ
ငါ့ရွာလေး ပေါ်မှာ
တိမ်တိုက်တွေ ကပိုကရိုနဲ့ 
မိုးရေစက်လက်လှလို့ ။
Sunday, January 3, 2010
သောကြာနေ့ ကပါ
အခုတလော
ညဥ့်နက်သန်းခေါင်
သစ်တော်သီးအပုတ်တွေ ပြန်ပြန်စားမိတာကလွဲလို့ 
ဆံပင်မညှပ်ဘဲနေရတာ အဆင်ပြေပါတယ်  အစ်ကို။
ကုတ်ခြစ်စုဆောင်းထားတဲ့
ကျည်ဆံအခွံပေါင်း ၃၆၅ ခုနဲ့ 
ရွှေတိဂုံဘုရားရင်ပြင်မှာ
'' ဘ၀ဆက်တိုင်း လေယာဉ်ပျံသာဖြစ်ရပါလို၏ '' လို့ 
အသံတွေသေတဲ့အထိ ကျွန်တော် ဆုတောင်းတယ်။
သူ သြစတေးလျကို ထွက်သွားတယ်၊
သူ သနပ်ခါးမလိမ်းတော့ဘူး၊
အခုဆို သူ့ မျက်လုံးတွေ ပြာနေမလားပဲ၊
သူ့ ဆံပင်တွေလည်း ရှည်နေလောက်ရောပေါ့။
အစ်ကိုရေ
သစ်တော်သီးအပုပ်တွေက
သောကြာနေ့ တိုင်း
သောကြာနံထောင့်ကို ကျွန်တော်မရောက်ဖြစ်တော့ဘူး
'' ကွယ်လွန်သူ ...
  အသက် ... ၀၉-၅၀၉၃ ... ''
အင်္ကျီအနက်ရောင်တွေပဲ ၀တ်ဖြစ်တယ်။
ပုသိမ်မှာ ချော်ရည်သွားသောက်မယ်
ဓမ္မကထိကတို့ ရဲ့ တရားကို
တစ္ဆေပုံပြင်တွေအဖြစ်နဲ့ 
ကံကံ ၏အကျိုးမှာ ကျွန်တော်နစ်မြုပ်ခဲ့မယ်၊
ငရဲကြီးရှစ်ထပ်ကြီးနေမလား မသိဘူး။
ကျွန်တော့်အစ်ကိုများ
ပန်းသီးဆိုတာ ပန်းပင်ကသီးတာမဟုတ်ကြောင်း
သက်သေအပေါင်း ဆောင်ပေးကြပါ။
စနေနေ့ ကပါ၊
မိုးပျံတိုက်တွေကြား
တခမ်းတနားလေနေတဲ့ စိတ်နဲ့ 
ကိုယ့်ကိုယ်ကိုယ် ပထမဆုံးမိတ်ဆက်စာရေးဖြစ်တယ်၊
ခြေထောက်တွေနောက်ကို ကျွန်တော်မလိုက်တော့ဘူး။
အစ်ကိုရေ
သစ်တော်သီးအပုတ်တွေစားရတာ
IDEA၊ဧပရယ်၂၀၁၀