Friday, October 8, 2010
"သောကြာနေ့ ၊မနက် ၉ နာရီ၊လက်ဖက်ရည်ဆိုင်"
အားလုံးပြီးဆုံးသွားပြီ ဂျိုး
ဆွဲလက်စပန်းချီကားထဲ ကျုပ်ဝင်ထိုင်လိုက်တယ်။
မိုက်လို့ မကုန်နိုင်တဲ့လူငယ်ဘ၀မှာ
ဒဏ်ရာအနာတရဆိုတာ
ကိုလံဘတ်ရှာမတွေ့ ခဲ့တဲ့ နယ်မြေသစ်တွေပဲ ။
လမ်းထိပ်အုတ်ခုံမှာ ထိုင်ရင်း
ဆေးလိပ်ကို မီးမညှိဘဲသောက်ကြည့်ခဲ့ဖူးတယ်
သိပ်ထူးဆန်းတယ် ဂျိုး
ကျုပ်ဆံပင်တွေ ရှည်လာပြန်ပေါ့။
ရိုးသားမှုမပါဘဲ ဘတ်စ်ကားစီးရတာ သိပ်အဆင်မပြေလှဘူး
ခေတ်ကြီးဟာ အရက်မူးနေပြီ။
ကျော်ကြားမှု၊ငွေစက္ကူ
စစ်မှန်တဲ့ ချစ်မေတ္တာ၊အမှန်တရား
ပလက်ဖေါင်း၊ဖိုမဆက်ဆံရေး
ကျုပ်တို့ မှာ ရွေးချယ်စရာမရှိဘူး၊
ရွေးချယ်ခွင့်မရှိဘူး။
တစ်ခါတစ်လေမှာ
လူငယ်တွေရဲ့ စိတ်ဓာတ်ဟာ
အရာအားလုံးထက်ပိုမြင့်မြတ်တယ် ဂျိုး
မီးခိုးတန်းတွေ ခရီးသွားတယ်။
မှားတဲ့အခါ ခါးထောက်နေမယ်
မှန်တဲ့အခါ ဘယ်ကိုမှ မပြန်ဘူး
ပန်းချီကားထဲမှာ မိုးပိုသည်းနေပြီ။
အနုပညာနဲ့ ကိုယ်ကျင့်တရားမှာ
ကျောက်သင်ပုန်းဟာ အစိတ်စိတ်ကွဲကြေလို့ ၊
ကျုပ်ရှာဖွေတွေ့ တဲ့ အချစ်ဆိုတဲ့ တီရှပ်ထဲ
"အာဒံရဲ့ အချစ်ဦးဟာ ဧ၀မဟုတ်ဘူး"ဆိုတာပဲ ထွက်ကျလာတယ်။
ဂျိုးရေ ...
ကျုပ်စိုက်ခင်းတွေ အောင်မြင်ခဲ့ပါတယ်
အနုပညာ၊ချစ်ခြင်းမေတ္တာ၊သစ္စာတရား
အရာအားလုံးမှာ ကျုပ် လိပ်ပြာလုံတယ်။
တကယ်တော့ ဟီရိုရှီးမားဟာ
အနုမြူဒဏ်ကြောင့် ပြာကျခဲ့တာ မဟုတ်ဘူး။
ဒီနေ့ ကစပြီး
ရှုမျှော်ခင်းကို တစ်ဝက်ပဲ ကြည့်တော့မယ် ဂျိုး
အလှတရားကို ရိုးရှင်းတဲ့ ပုံစံမထုတ်ချင်တော့ဘူး။
ဒီနှစ်ထဲ ခေတ်ပေါ်မိန်းမတစ်ယောက်ကို ရိုးသားစွာချစ်မိတာလွဲလို့ 
ဘာအောင်မြင်မှုမှ မရှိဘူး၊
လူဆိုတာ ရူးနေတဲ့အမျိုးပဲ။
ကျုပ်တို့ ဝတ်ထားတဲ့အင်္ကျီ ဘာတံဆိပ်လဲ
ကျုပ်တို့ သွားနေတာ လမ်းနံပါတ် ဘယ်လောက်လဲ
ဖိနပ်စီးခဲ့ ဂျိုး
အချစ်၊ငွေ၊ကျော်ကြားမှု
ရာသီဥတုက အချိန်နဲ့ အမျှပြောင်းလဲတယ်။
ကျုပ်တို့  ဘောင်းဘီဝတ်တယ်
လမ်းလျှောက်တယ်
မုသားစကားပြောတယ်
အရက်သောက်တယ်။
ယုံကြည်ချက်အမှန်တရားဟာ
လကမ္ဘာပေါ်က အမေရိကန်အလံ၊
လူသားတွေ အောင်နိုင်ခဲ့ပါတယ်၊
လူငယ်တွေ အောင်နိုင်ခဲ့ပါတယ်။
ခေတ်ကို ဖြတ်မယ် ဂျိုး
တန်းတွေ ကွင်းတွေ ကိုင်ထားပါ
လိုအပ်ရင် ဘရိတ်သုံးမယ်။
-နေ့ သစ်
Tuesday, October 5, 2010
မကြည်ဖြူ
ကျုပ်က လူငယ်ပီပီ
ရန်ကုန်မြို့ ကြီးကို မကြာခဏခလုတ်တိုက်တယ်။
ကိုယ့်ကိုယ်ကို လူမိုက်လို့ 
သတင်းစာထဲ ထည့်ကြော်ငြာခဲ့ တုန်းက
ယုံကြည်ချက်ဟာ တော်လှန်ရေးမီးရ ထား။
တစ်ဘ၀လုံး သတင်းအမှားတွေချ ည်းပဲ ရတယ်
ဇော်ဝင်းထွဋ်ရဲ့  ဂျစ်ပစီမိုးတိမ် ဟာ မျက်နှာကျက်မှာ တ၀ီဝီလည်လို့ ၊
အဆင်မပြေဘူး။
အဖြူရောင်တီရှပ် လေးပေါ်က ရှုံးနိမ့်မှုထဲ
အချစ်ဟာ ဟိုအရင်ခေတ်အဆက် ဆက်ကအတိုင်း၊
မကြည်ဖြူ ပေါ့။
ခင်ဗျားက မော်တော်ကားယဉ်ေ ကျးမှု
ကျုပ်က ထင်းရှူးပင်၊
လူသားနှစ်ဦးရဲ့ တွေ့ ဆုံ ယုံကြည်မှုခဏမှာ
ဘ၀ကို နေရောင်တွေပေကျံ နေခဲ့တယ်။
အခု ဖိနပ်တွေအိမ်ပြန်သွားကြပြီ
မကြည်ဖြူ။
ရန်ကုန်မြို့ ကြီးကို မကြာခဏခလုတ်တိုက
ကိုယ့်ကိုယ်ကို လူမိုက်လို့ 
သတင်းစာထဲ ထည့်ကြော်ငြာခဲ့
ယုံကြည်ချက်ဟာ တော်လှန်ရေးမီးရ
တစ်ဘ၀လုံး သတင်းအမှားတွေချ
ဇော်ဝင်းထွဋ်ရဲ့  ဂျစ်ပစီမိုးတိမ်
အဆင်မပြေဘူး။
အဖြူရောင်တီရှပ်
အချစ်ဟာ ဟိုအရင်ခေတ်အဆက်
မကြည်ဖြူ ပေါ့။
ခင်ဗျားက မော်တော်ကားယဉ်ေ
ကျုပ်က ထင်းရှူးပင်၊
လူသားနှစ်ဦးရဲ့ တွေ့ ဆုံ ယုံကြည်မှုခဏမှာ
ဘ၀ကို နေရောင်တွေပေကျံ
အခု ဖိနပ်တွေအိမ်ပြန
မကြည်ဖြူ။
Wednesday, September 29, 2010
ဂုဏ်ယူတယ် ဂျိုး
ကျောက်မီးသွေးရထားကြီးစီးပြီး
မီးခိုးမှုန်တွေလို ခင်ဗျားထွက်သွားတဲ့နေ့ က
ဗာဒံသီးတွေ တဖွဲဖွဲကြွေကျခဲ့တယ်။
ခင်ဗျားဆံပင်တွေရဲ့  နေ့ စဉ်ဝင်ငွေက
ကျုပ်တို့ မြို့ ကောင်းကင်မှာ ရှည်လျားပျော်ဆင်းလို့ ။
လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ လူငယ်တွေပဲ ဂျိုး
ကျုပ်တို့ ကိုဘယ်သူမှ အစိုးမရနိုင်ဘူး။
လက်နဲ့ ကဗျာရေးသူ လူတစ်ရာထက်
ရင်ဘတ်နဲ့ ကဗျာရေးတဲ့ခင်ဗျားတစ်ယောက်ကို
ကျုပ် ပိုနှမြောတယ်။
အနုပညာနဲ့ ရိုးသားမှုမှာ
ခင်ဗျားက တရားနည်းလမ်းကျအောင်နိုင်သူ။
ခင်ဗျားက အပြိုင်အဆိုင်ကင်းတဲ့ ဂျင်းဘောင်းဘီ
မိုးဦးကျ လယ်သမား၊
လူပြက်။
ခေတ်ဟာ စစ်ကျန်ဘတ်စ်ကားအိုကြီးလို တရွေ့ ရွေ့ 
ကဗျာလောကဟာ မွန်းတည့်ချိန်မှာ။
ခင်ဗျား ထွက်သွားတယ်၊
ကျုပ်လည်း မကြာပါဘူး။
ဂုဏ်ယူတယ် ဂျိုး
အောင်မြင်စွာ ဆုတ်ခွါသွားခြင်းပါ။
မီးခိုးမှုန်တွေလို ခင်ဗျားထွက်သွားတဲ့နေ့ က
ဗာဒံသီးတွေ တဖွဲဖွဲကြွေကျခဲ့တယ်။
ခင်ဗျားဆံပင်တွေရဲ့  နေ့ စဉ်ဝင်ငွေက
ကျုပ်တို့ မြို့ ကောင်းကင်မှာ ရှည်လျားပျော်ဆင်းလို့ ။
လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ လူငယ်တွေပဲ ဂျိုး
ကျုပ်တို့ ကိုဘယ်သူမှ အစိုးမရနိုင်ဘူး။
လက်နဲ့ ကဗျာရေးသူ လူတစ်ရာထက်
ရင်ဘတ်နဲ့ ကဗျာရေးတဲ့ခင်ဗျားတစ်ယောက်ကို
ကျုပ် ပိုနှမြောတယ်။
အနုပညာနဲ့ ရိုးသားမှုမှာ
ခင်ဗျားက တရားနည်းလမ်းကျအောင်နိုင်သူ။
ခင်ဗျားက အပြိုင်အဆိုင်ကင်းတဲ့ ဂျင်းဘောင်းဘီ
မိုးဦးကျ လယ်သမား၊
လူပြက်။
ခေတ်ဟာ စစ်ကျန်ဘတ်စ်ကားအိုကြီးလို တရွေ့ ရွေ့ 
ကဗျာလောကဟာ မွန်းတည့်ချိန်မှာ။
ခင်ဗျား ထွက်သွားတယ်၊
ကျုပ်လည်း မကြာပါဘူး။
ဂုဏ်ယူတယ် ဂျိုး
အောင်မြင်စွာ ဆုတ်ခွါသွားခြင်းပါ။
Sunday, September 26, 2010
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာတယ်
တနင်္ဂနွေကို ကျောပေးထိုင်နေတဲ့ ဓာတ်တိုင်
ညဟာ သူ့လက်သည်းခြေသည်းတွေကို ညှပ်ထားတယ် ။
ရုတ်တရက် ရီဝေမှိုင်တွေသွားခြင်းရဲ့ နောက်ကွယ်မှာ
ဖယောင်းတိုင်ဟာ တငွေ့ငွေ့၊
ဆံပင်မညှပ်ပဲနေလို့ ကျနော့်ဆံပင်တွေ ရှည်လာပြီ။
ဂျင်းဘောင်းဘီ၊ရော့ခ်သီချင်းတွေနဲ့
ပလက်ဖောင်းကို တံတွေးတစ်ချက်ထွေးပစ်ပြီးတဲ့နောက်
ရန်ကုန်မြစ်ကြီး အေးခဲသွားတယ်။
ဖွင့်ချလိုက်တဲ့ စိတ်ကြွရူးသွပ်ခြင်းမှာ
အမှတ်(၂) လမ်းမကြီးဟာ အတိုင်းသား ။
အဲဒီနေ့ကဆံပင်ဖြတ်လိုက်တယ်
ဆေးလိပ်ဖြတ်လိုက်တယ်
တစ်လက်စတည်း သံယောဇဉ်ပါဖြတ်လိုက်တယ် ။
Tuesday, September 14, 2010
လူငယ်ညနေခင်း
ရာသီဥတုက ဂျင်းဘောင်းဘီကို ခေါက်တင်ထားတယ်။
ညနေစောင်းစောင်းက လေအေးပေးစက်ထဲမှာအိပ်ပျော်လို့ ၊
ဖွင့်ထားတဲ့ ပြတင်းပေါက်ဟာ ကာရေဘီယံပင်လယ်ထဲမှာ၊
ဒီဘ၀ ကမ္ဘာမကျော်တော့မယ့် အတူတူ
တိမ်တွေကိုလက်နဲ့ ဆွဲယူပစ်လိုက်တယ်။
ကျွန်တော်ရယ်၊ကျွန်တော့်သူငယ်ချင်းတွေရယ်
လက်ဖက်ရည်ဆိုင်ပုပုရယ်၊ခွေးခြေပုပုတွေရယ်
နောက်၊ဂုဏ်သိက္ခာပုပုတွေ။
ဗီသိုဗင် အရပ်ဘယ်လောက်ရှည်သလဲ ကျွန်တော် မသိဘူး။
အခုဆို ရန်ကုန်မြို့ ဟာ ကြော်ငြာဆိုင်းဘုတ်လို၊
ယဉ်ကျေးမှု အခွံလွတ်တစ်လုံးလို။
ရေနွေးကြမ်းတစ်ခွက်ကို ကျွန်တော် မော့သောက်လိုက်တယ်။
လည်ချောင်းထဲကို ရော့ခ်သီချင်းတစ်ပုဒ်စီးဝင်သွားတယ်။
နေ၀င်တော့မယ် နပိုလီယံ။
လူငယ်တွေ ဘာလုပ်ကြမှာလဲ၊ဘယ်သွားကြမှာလဲ
ချေဂွေဗားရာဆိုတာ ဆရာဝန်ပညာတတ်၊
ပြီးတော့ ၊ တော်လှန်ရေးသမား။
ကျွန်တော့် ညာဘက်လက်မောင်းမှာ
ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကား ရုံတင်ပြသတယ်။
အောင်ဆန်းရှိတယ်၊အာရှတိုက်ရှိတယ်
ခင်ဝမ်းရှိတယ်၊မောင်ချောနွယ်ရှိတယ်
ရထားပေါ်က သံယောဇဉ်တွေ ပစ်ချခဲ့။
အခု၊လူငယ်တွေ ဘတ်စ်ကားစီးပြီးခေတ်ကို မီအောင်လိုက်နေတယ်။
ညနေစောင်းစောင်းက လေအေးပေးစက်ထဲမှာအိပ်ပျော်လို့ ၊
ဖွင့်ထားတဲ့ ပြတင်းပေါက်ဟာ ကာရေဘီယံပင်လယ်ထဲမှာ၊
ဒီဘ၀ ကမ္ဘာမကျော်တော့မယ့် အတူတူ
တိမ်တွေကိုလက်နဲ့ ဆွဲယူပစ်လိုက်တယ်။
ကျွန်တော်ရယ်၊ကျွန်တော့်သူငယ်ချင်းတွေရယ်
လက်ဖက်ရည်ဆိုင်ပုပုရယ်၊ခွေးခြေပုပုတွေရယ်
နောက်၊ဂုဏ်သိက္ခာပုပုတွေ။
ဗီသိုဗင် အရပ်ဘယ်လောက်ရှည်သလဲ ကျွန်တော် မသိဘူး။
အခုဆို ရန်ကုန်မြို့ ဟာ ကြော်ငြာဆိုင်းဘုတ်လို၊
ယဉ်ကျေးမှု အခွံလွတ်တစ်လုံးလို။
ရေနွေးကြမ်းတစ်ခွက်ကို ကျွန်တော် မော့သောက်လိုက်တယ်။
လည်ချောင်းထဲကို ရော့ခ်သီချင်းတစ်ပုဒ်စီးဝင်သွားတယ်။
နေ၀င်တော့မယ် နပိုလီယံ။
လူငယ်တွေ ဘာလုပ်ကြမှာလဲ၊ဘယ်သွားကြမှာလဲ
ချေဂွေဗားရာဆိုတာ ဆရာဝန်ပညာတတ်၊
ပြီးတော့ ၊ တော်လှန်ရေးသမား။
ကျွန်တော့် ညာဘက်လက်မောင်းမှာ
ခေတ်ဟောင်းရုပ်ရှင်ကားတစ်ကား ရုံတင်ပြသတယ်။
အောင်ဆန်းရှိတယ်၊အာရှတိုက်ရှိတယ်
ခင်ဝမ်းရှိတယ်၊မောင်ချောနွယ်ရှိတယ်
ရထားပေါ်က သံယောဇဉ်တွေ ပစ်ချခဲ့။
အခု၊လူငယ်တွေ ဘတ်စ်ကားစီးပြီးခေတ်ကို မီအောင်လိုက်နေတယ်။
Subscribe to:
Posts (Atom)






